Connect with us

Africa & Middle East

ကာတာနိုင်ငံ အိုပက်အဖွဲ့မှနုတ်ထွက်မည်

ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ဒီဇင်ဘာလ ၄ ရက်(ဆင်ဟွာ)

ကာတာနိုင်ငံက ရေနံတင်ပို့ရောင်းချသောနိုင်ငံများအဖွဲ့(အိုပက်)မှ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလတွင်စတင် နုတ်ထွက်မည်ဖြစ်ကြောင်း ကာတာနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Gulf Times သတင်းစာကဒီဇင်ဘာလ ၃ ရက်ကရေးသားဖေါ်ပြခဲ့သည်။

သတင်းတွင် ကာတာနိုင်ငံစွမ်းအင်ဝန်ကြီး ဆာအက်ဘင်ရှီရီဒါ အယ်လ်ကာဘီ က ကာတာနိုင်ငံအနေ ဖြင့် ၎င်း၏ကဏ္ဍကိုနိုင်ငံတကာထိချဲ့ထွင်ရန်နှင့် ရေရှည်မဟာဗျူဟာရေးဆွဲရန် နည်းလမ်းများကို သုံး သပ်ခဲ့ပြီးနောက်ဤသို့ဆုံးဖြတ်ခဲ့ခြင်းဟုပြောကြားခဲ့ကြောင်း ဖေါ်ပြထားသည်။

၎င်းကလည်းသတင်းစာရှင်းပွဲတစ်ခုတွင် ကာတာနိုင်ငံအနေဖြင့် အိုပက်မှနုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ထိုဆုံးဖြတ်ချက်ကို အိုပက် သို့ ဒီဇင်ဘာလ ၃ ရက်ကအကြောင်းကြားခဲ့ကြောင်းပြောခဲ့သည်။

ကာတာ နိုင်ငံအနေနှင့် ဗီယင်နာတွင်ဒီဇင်ဘာလ ပထမပတ်တွင်းကျင်းပမည့် အိုပက်အစည်းအဝေးကိုမူတက် ရောက်မည်ဟု၎င်းကပြောကြားခဲ့သည်။

ကာတာနိုင်ငံက အခြားသောအိုပက်အဖွဲ့ဝင်မဟုတ်သည့်ရေ နံတင်ပို့နိုင်ငံများကဲ့သို့ပင် ၎င်း၏သဘောတူချက်အားလုံးကိုလိုက်နာကျင့်သုံးသွားမည်ဟုလည်း ကာ တာနိုင်ငံစွမ်းအင်ဝန်ကြီးက အလေးအနက်ပြောခဲ့သည်။

ထို့ပြင် ကာတာနိုင်ငံစွမ်းအင်ဝန်ကြီးက ဤဆုံးဖြတ်ချက်မှာ အိုပက်အဖွဲ့တွင်ထိပ်ဆုံးနိုင်ငံဟုဆိုရမည့် ဆော်ဒီအာရေးဘီးယားနှင် အခြားအာရပ်သုံးနိုင်ငံက ၂၀၁၇ ခုနှစ်၊ ဇွန်လမှစ၍ ကာတာနိုင်ငံအပေါ် နိုင်ငံရေးနှင့်စီးပွားရေးအရသပိတ်မှောက်ခဲ့မှုနှင့်လည်း မသက်ဆိုင်ကြောင်းပြောခဲ့သေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.