Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ ဆီးရီးယားဒုက္ခသည်စခန်းမီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရ


ဘေရွတ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း Beqaa Valleyရှိဆီးရီးယား ဒုက္ခသည် စခန်းတစ်ခုသည် ဒီဇင်ဘာ ၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုက္ခသည်စခန်းရှိ ရွက်ဖျင်တဲတစ်ခုတွင် ဝါယာကြိုးရှော့ဖြစ်မှုကြောင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လေတိုက်ခတ်မှုကြောင့် အခြား ရွက်ဖျင်တဲသို့ မီးကူးဆက်ကာ ဆီသိုလှောင်သည့်ပုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၊ ရွက်ဖျင်တဲ ၅၀ ခန့် လောင်ကျွမ်းပျက်စီးခဲ့ပြီး ယောကျာ်းလေး

တစ်ဦး ၊ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဆီးရီးယား ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဆီးရီးယား ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဆီးရီးယား ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဆီးရီးယား ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးသမားများက အချင်းဖြစ်နေရာသို့ ချက်ချင်း သွားရောက်ကာ မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၁ခုနှစ်တွင် ဆီးရီးယားအရေးဖြစ်ပွားပြီးနောက် လက်ဘနွန်နိုင်ငံက ဆီးရီးယားဒုက္ခသည် ၁ သန်း ကျော် လက်ခံထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များရေးရာမဟာမင်းကြီးရုံး၏ စာရင်းများ အရ သိရသည်။

ဒုက္ခသည်စခန်းများသည် လက်ဘနွန်နိုင်ငံ နေရာအနှံ့အပြားတွင်ရှိရာ ယာယီတည်ဆောက်ထားသည့် ယင်းစခန်းများမှာ ရေမီးစသည့် အခြေခံအသုံးဆောင်ပစ္စည်းများမရှိသလို စီမံခန့်ခွဲမှုလည်း လျော့ရဲ ကြောင်း ၊ ဆောင်းရာသီတွင် ဆီးရီးယားဒုက္ခသည်များသည် မီးဖို သို့မဟုတ် အနွေးပေးစက်များ အသုံးပြုလေ့ရှိရာ မီးဘေးမကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံမီဒီယာများက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.