Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့အစည်း အားလုံး က IS အကြမ်းဖက်တပ်ဖွဲ့အား ချေမှုန်းတိုက်ခိုက်ရန် အတွက် အင်အား တိုးချဲ့ရန် ကို အဖွဲ့ဝင် အားလုံးမှ သဘောတူ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ IS အကြမ်းဖက်တပ်ဖွဲ့အား ချေမှုန်းတိုက်ခိုက်ရန် အတွက် အင်အား တိုးချဲ့ရန် ဆန္ဒကောက်ခံရာ တွင် သဘောတူကြောင်း ကိုမြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အဖွဲ့ချုပ် လုံခြုံရေး ကောင်စီက မှ နိုဝင်ဘာ ၂၀ ရက်တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး IS အကြမ်းဖက် တပ်ဖွဲ့မှ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်မှု များနှင့် ပတ်သက်၍ ပြစ်တင် ရှုံချ ခဲ့ကာ ကမ္ဘာ့လုံး ဆိုင်ရာ လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေး အပေါ် စိုးရိမ်မှု များဖြစ်ပွား စေခဲ့သောကြောင့် ယင်း အဖွဲ့အား ချေမှုန်းတိုက်ခိုက်ရန် အပြည်ပြည်ဆိုင်ရာ အင်အား တိုးချဲ့ တိုက်ခိုက်ရေး ဆုံးဖြတ် ခဲ့သည်။

အစည်းအဝေး တွင် လုံခြုံရေး ကောင်စီမှ IS အကြမ်းဖက် တပ်ဖွဲ့၏ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၊ တူနီရှား ၊ တူရကီ စသည့် နိုင်ငံ များတွင် ပြုလုပ် ခဲ့သည့် အကြမ်းဖက်မှု များ နှင့် ရုရှား နိုင်ငံ ခရီးသည်တင် လေယာဉ် အား ဖောက်ခွဲခဲ့မှု များနှင့် ပတ်သက်၍ အမြင့်ဆုံး ပြစ်တင် ဝေဖန်မှု များပြုလုပ် ခဲ့ပြီး IS အကြမ်းဖက် တပ်ဖွဲ့ သည် လူအခွင့်အရေး ဆိုင်ရာ ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ၊ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် စသည် တို့အား ဆိုးရွားစွာ ကျူးလွန် ဖျက်ဆီး နေကြောင်း ပြောကြား ခဲ့သည်။

လုံခြုံရေး ကောင်စီ အနေဖြင့် အင်အားရှိကြီး နိုင်ငံ များအနေဖြင့် ဆီးရီးယား နိုင်ငံ သို့ နိုင်ငံ တကာ ဥပဒေ နှင့် အညီ IS အကြမ်းဖက် တပ်ဖွဲ့အား တိုက်ခိုက် ချေမှုန်းရန် အတွက် ကူညီ ထောက်ပံ့မှု များဆောင်ရွက် သွားရန် နှင့် ဆီးရီးယား နှင့် အီရတ် အတွင်း ရှိ IS အကြမ်းဖက် တပ်ဖွဲ့ အားလုံး ကို တိုက်ခိုက်ရန် ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် မှ စတင်၍ IS အကြမ်းဖက် တပ်ဖွဲ့ အား တိုက်ခိုက်ရန် အမေရိကန် နိုင်ငံ မှ ဦးဆောင်ဆောင်ရွက် ခဲ့ပြီး ယခု နှစ် စက်တင်ဘာ ၃၀ ရက်နေ့ တွင် ရုရှား နိုင်ငံ မှ လေကြောင်း တိုက်ခိုက်မှု များစတင် ပါဝင် လာခဲ့ပြီး ပဲရစ် အကြမ်းဖက်မှု ဖြစ်ပွား ပြီးနောက်ပိုင်းတွင် ပြင်သစ် နိုင်ငံ မှ လည်း အကြီးစား စစ်ရေး ဆောင်ရွက်မှု များ စတင်ပြုလုပ် လာခဲ့ကာ ပြင်သစ် နိုင်ငံ သမ္မတ မှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြင်သစ် စစ်တပ် အား IS အကြမ်းဖက် တပ်ဖွဲ့ အား ချေမှုန်းရန် အလုံးစုံ အင်အား တိုးချဲ့ တိုက်ခိုက်ရေး ပြောကြား ခဲ့သည်။ (Xinhua)