Connect with us

International Organizations

မကြာသေးမီနှစ်များ အတွင်း ကမ္ဘာ့ပေါ်တွင် ဖြစ်ပွား ခဲ့သော အကြီးစား လေယာဉ် ပျက်ကျမှု များ အား ဆင်ဟွာမှ စုစည်း ဖော်ပြခြင်း

ပျက်ကျသွားသည့် ရုရှား လေယာဉ် ပေါ်ပါ ခရီးသည်များ၏ မိသားစုများ လေယာဉ်ပျက်ကျသည့် သတင်းကြောင့် စိန့်ပီတာစဘတ်မြို့ လေဆိပ်တွင် ငိုကြွေးနေကြစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတရုံးမှ အောက်တိုဘာ ၃၁ ရက်နေ့တွင် အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်း ခဲ့သည့် လေယာဉ် တစ်စင်းသည် စတင်ပျံသန်းပြီး မိနစ် အနည်းငယ်အတွင်း ပျက်ကျ သွားခဲ့ပြီး လေယာဉ် ပေါ်တွင် လိုက်ပါ ခဲ့သည့် ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော် အားလုံး ကွယ်လွန် ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အီရန် နိုင်ငံ လေကြောင်းလိုင်းပိုင် ဘိုးရင်း -၇၂၇ ခရီးသည် တင်လေယာဉ် သည် အီရန် နိုင်ငံ အနောက်ပိုင်း တွင် ပျက်ကျ ခဲ့ပြီး လူပေါင်း ၇၂ ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည်။

အီရန် နိုင်ငံ လေကြောင်းလိုင်းပိုင် ဘိုးရင်း -၇၂၇ ခရီးသည် တင်လေယာဉ်ပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ကွန်ဂို ဒီမိုကရက်တစ် နိုင်ငံ၏ Hewa – Bora Airways မှ ဘိုးရင်း -၇၂၇ ခရီးသည်တင် လေယာဉ် တစ်စီးသည် ၎င်းနိုင်ငံ၏ လေဆိပ် အနီးတွင် ပျက်ကျ ခဲ့သဖြင့် လူပေါင်း ၁၂၇ ဦး သေဆုံးခဲ့သည်။

ကွန်ဂို ဒီမိုကရက်တစ် နိုင်ငံ၏ Hewa – Bora Airways မှ ဘိုးရင်း -၇၂၇ ခရီးသည်တင် လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် မော်ရိုကို နိုင်ငံ ၏ စစ်ဘက် ဆိုင်ရာ လေယာဉ် တစ်စင်း ပျက်ကျ ခဲ့သဖြင့် လေယာဉ်ပေါ် လိုက်ပါ ခဲ့သည် လူ ၈၀ ဦးလုံး သေဆုံး ခဲ့ရသည်။

မော်ရိုကို နိုင်ငံ ၏ စစ်ဘက် ဆိုင်ရာ လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ မှ လေယာဉ် တစ်စီး အရပ်ဘက် လေယာဉ် တစ်စင်း ပျက်ကျ ခဲ့သောကြောင့် လေယာဉ် ပေါ် လိုက်ပါခဲ့သည့် လူပေါင်း ၁၂၇ ဦးလုံး သေဆုံးမှု ဖြစ်ပွား စေခဲ့သည်။

ပါကစ္စတန် နိုင်ငံ မှ အရပ်ဘက် လေယာဉ် တစ်စီး ပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် Dana လေကြောင်းလိုင်းမှ Murtala Muhammed International Airport အနီးတွင် ပျက်ကျခဲ့ပြီး လေယာဉ် ပျက်ကျစဉ်တွင် နှစ်ထက် တိုက် နေအိမ် တစ်ခုအား တိုက်မိ ခဲ့သော ကြောင့် လူပေါင်း ၁၅၃ ဦးသေဆုံးကာ ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်။

Dana လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့တွင် အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း၌ စစ်ဘက် ဆိုင်ရာ လေယာဉ် တစ်စင်း ပျက်ကျ ခဲ့ပြီး လူပေါင်း ၇၇ ဦး သေဆုံး စေခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း၌ စစ်ဘက် ဆိုင်ရာ လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မလေးရှား နိုင်ငံ လေကြောင်းလိုင်း မှ လူပေါင်း ၂၃၉ ဦး လိုက်ပါ ခဲ့သည့် MH370 လေယာဉ် သည် ပေကျင်း မြို့သို့ ပျံသန်းနေစဉ် မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက် သွား ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မလေးရှား နိုင်ငံ က လေယာဉ်ပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၂၃၉ ဦး ကွယ်လွန်ကြောင်း ထုတ်ပြန် ခဲ့သည်။

မလေးရှား နိုင်ငံ လေကြောင်းလိုင်း မှ ပျက်ကျ လေယာဉ်၏ အပိုင်းစ တစ်ခုကို Reunion ကျွန်းပေါ်တွင် ပြန်လည်တွေ့ရှိရစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် မလေးရှား နိုင်ငံ လေကြောင်းမှ ခရီးသည် ၂၉၈ ဦး လိုက်ပါခဲ့သည့် ဘိုရင်း-၇၇၇ လေယာဉ် မှာ လည်း ရုရှား နိုင်ငံ နယ်စပ် အနီးတွင် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် အားလုံး သေဆုံး ခဲ့ကြောင်း သိရှိခဲ့ရသည်။

မလေးရှား နိုင်ငံ လေကြောင်းမှ ဘိုရင်း-၇၇၇ လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အယ်လ်ဂျီးရီးယား လေကြောင်း လိုင်းပိုင် လေယာဉ် တစ်စင်းသည် ထပ်မံ ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး လေယာဉ် ပေါ်တွင် လိုက်ပါသည့် ခရီးသည် ၁၁၆ ဦးလုံး သေဆုံး ခဲ့ရသည်။

အယ်လ်ဂျီးရီးယား လေကြောင်း လိုင်းပိုင် လေယာဉ် တစ်စီးပျက်ကျခဲ့စဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဂျာမနီ နိုင်ငံ လေကြောင်း လိုင်းမှ လေယာဉ် တစ်စင်း သည် ပြင်သစ် နိုင်ငံ တောင်ပိုင်းတွင် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသည့် လူပေါင်း ၁၅၀ ဦး သေဆုံး ခဲ့ရသည်။

ဂျာမနီ နိုင်ငံ လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ လေတပ်မှ C-130 သယ်ယူ ပို့ဆောင်ရေး လေယာဉ်သ ည် လေတပ် စခန်း မှ ပျံတက်ပြီး အချိန်အနည်းငယ် တွင် ဆင်ခြေဖုံးရပ်ကွက် အတွင်း သို့ ပျက်ကျ ခဲ့ရာ လေယာဉ် ပေါ်ရှိ ၁၂၂ ဦးသေဆုံးခဲ့ကာ မြေပြင်ရှိ လူ ၇ဦး ပျောက်ဆုံးခြင်း ဖြစ်ပွား စေခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ လေတပ်မှ C-130 သယ်ယူ ပို့ဆောင်ရေး လေယာဉ် ဆင်ခြေဖုံးရပ်ကွက် အတွင်း သို့ ပျက်ကျခဲ့စဉ် (ဆင်ဟွာ)

သြဂုတ်လ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားလေကြောင်းလိုင်းမှ IL-267 လေယာဉ် ပျက်ကျသွားသော နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားလေကြောင်းလိုင်းမှ IL-267 လေယာဉ်သည် ပျံတက်ခဲ့ပြီး အချိန်အနည်းငယ် နောက်ပိုင်း တွင် တောင်တန်း တစ်ခု သို့ ပျက်ကျ သွား ခဲ့ကြောင်း သိရှိခဲ့ရပြီး လူပေါင်း ၅၄ ဦး သေဆုံး ခဲ့ရသည်။ (Xinhua)