Connect with us

China

တရုတ်-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပုံစံသစ်တည်ဆောက်ခြင်းက အခြားမည်သည့် တတိယပါတီကိုမျှ ဦးတည်ခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-ကနေဒါ ပူးပေါင်းဆောင်ရွက်မှုအပေါ် ထရမ့်၏ ပြောဆိုချက်ကို တုံ့ပြန်ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမေရိကန် သမ္မတ ထရမ့်၏ ပြောဆိုချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဖေဖော်ဝါရီ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ကနေဒါ၏ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးပုံစံသစ် တည်ဆောက်ခြင်းသည် တန်းတူညီမျှ ဆက်ဆံမှု၊ တံခါးဖွင့်လှစ်၍ အားလုံးလက်ခံပါဝင်မှု၊ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးစီးပွားအား အတူမျှဝေမှု ဟူသော စိတ်ဓာတ်ကို ပေါ်လွင်စေရာ အခြားမည်သည့် တတိယပါတီကိုမျှ ဦးတည်ခြင်းမရှိဘဲ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသလို ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေးကိုလည်း အကျိုးဖြစ်ထွန်းစေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国外交部回应特朗普涉中加合作言论:中加构建新型战略伙伴关系不针对任何第三方
新华社北京2月11日电(记者曹嘉玥、邵艺博)针对美国总统特朗普关于中国同加拿大合作的言论,外交部发言人林剑2月11日在例行记者会上表示,中国与加拿大构建新型战略伙伴关系,体现了平等相待、开放包容、和平合作、共享共赢的精神,不针对任何第三方,符合两国人民的共同利益,也有利于世界的和平稳定与发展繁荣。(完)