Asia
ဂျပန်နိုင်ငံ ဆာနာအဲ တာကာအိချိ၏ အစိုးရအဖွဲ့တစ်ရပ်လုံး ရာထူးမှ နုတ်ထွက်
တိုကျို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဆာနာအဲ တာကာအိချိ၏ အစိုးရအဖွဲ့တစ်ရပ်လုံးသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ညနေတွင် ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံး၌ ဝန်ကြီးချုပ်အသစ် ရွေးကောက်တင်မြှောက်ခြင်းကို အသီးသီး ပြုလုပ်ကြမည် ဖြစ်သည်။ အသစ်ရွေးချယ်ခံရသည့် ဝန်ကြီးချုပ်သည် ယင်းနေ့တွင် အစိုးရအဖွဲ့သစ် ဖွဲ့စည်းမည် ဖြစ်သည်။
ဂျပန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူချိန်တွင် လက်ရှိအစိုးရအဖွဲ့တစ်ရပ်လုံး ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။
ဂျပန် အောက်လွှတ်တော်ကို ဇန်နဝါရီ ၂၃ ရက်တွင် တရားဝင် ဖျက်သိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် အောက်လွှတ်တော် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။ (Xinhua)
——————
(Chinese Version)
日本高市早苗内阁全体辞职
新华社东京2月18日电(记者陈泽安 李子越)18日上午,日本高市早苗内阁全体辞职。
当地时间18日下午(北京时间18日中午),日本国会众参两院将分别举行首相指名选举。新当选的首相当天将组建新内阁。
日本宪法规定,众议院选举后第一次召集国会之际,内阁必须全体辞职。
日本国会众议院于1月23日正式解散,2月8日举行众议院选举投票。(完)
1. 2月18日,日本首相高市早苗(中)在东京与阁僚出席内阁会议。新华社/共同社
