Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အဆောက်အဦတစ်လုံးတွင် ကျောင်းသား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရနေသည်ကို တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံတွင် အထက်တန်းကျောင်းသားများ သေဆုံးမှုဖြစ်ပွားခဲ့သည့် ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ဘက်ရှိ အဆောက်အဦတစ်လုံးတွင် ဒီဇင်ဘာလ ၁၈ ရက်က ကျောင်းသား ၃ ဦးသေဆုံးပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကိုးကား၍ ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ဂန်ဝမ်ပြည်နယ် Gangneung မြို့ရှိ အဆောက်အဦတစ်လုံးတွင် ဒေသစံတော်ချိန် နေ့လယ် ၁း၁၂ နာရီခန့်က ဆိုးလ်မြို့၌ အထက်တန်းကျောင်းတက်ရောက်နေသော ကျောင်းသား ၁၀ ဦးအနက် ၃ ဦးသေဆုံးကာ ၇ ဦးမှာ သတိလစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။

အဆိုပါ ကျောင်းသားများသည် ကောလိပ်ဝင်ခွင့်အတွက် ပညာရေးစစ်ဆေးမှုပြီးနောက် လေ့လာရေးသွားရောက်ကြခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားရခြင်းအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ သို့သော် ကျောင်းသားများ၏ ပါးစပ်များတွင် အန်ထားခြင်း၊ အမြှုပ်ထွက်ခြင်းများ တွေ့ရှိခဲ့ရကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုအဆင့် ၁၅၅ parts per million (ppm) ရှိနေကြောင်း၊ ပုံမှန် စံနှုန်းထက် ၂၀ ppm များနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.