Connect with us

Asia

အင်ဒိုနီးရှား၌ မျိုးတုံးပျာက်ကွယ်မှုအန္တရာယ်နှင့်ကြုံတွေ့နေရသည့် ဆူမတြားကျားလေး နှစ်ကောင် မွေးဖွား

အင်ဒိုနီးရှားနိုင်ငံ၌ ဆူမတြားကျားမကြီး နှင့် သားပေါက်ကျားလေး နှစ်ကောင်အား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ်ရှိ သဘာဝတောရိုင်းဥယျာဉ်တစ်ခု၌ မျိုးတုံးပျောက်ကွယ်မှုအန္တရာယ်နှင့်ကြုံတွေ့နေရသော ကျားမျိုးစိတ်တစ်ခုဖြစ်သည့် ဆူမတြားကျားပေါက်လေး နှစ်ကောင်ကို အသက် ၉ နှစ်အရွယ်မိခင်ကျားမကြီးမှ မွေးဖွားပေးခဲ့ကြောင်း ဥယျာဉ်တာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဆူမတြား ကျားအထီးတစ်ကောင် အမတစ်ကောင်ကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မွေးဖွားခဲ့ကြောင်း ကီနန်တန်(Kinantan) ယဉ်ကျေးမှု နှင့် သဘာဝတောရိုင်းဥယျာဉ် အကြီးအကဲ Ikbal က ဆိုသည်။

“ မိခင်ကျားမကြီးရော ၊ သားပေါက်လေး နှစ်ကောင်ပါ ကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို လှောင်အိမ်လေးတစ်ခုထဲမှာ အတူတူထားထားပါတယ်။ပြီးတော့ တာဝန်ရှိသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ဥယျာဉ်သို့လာရောက်လည်ပတ်ကြသူများ၏ ဖိအားပေးမှု နှင့် နှောင့်ယှက်ပေးမှုမှ ကင်းဝေးစေရန် အဆိုပါ ကျားလှောင်အိမ်ကို သီးသန့်နေရာတစ်ခုတွင် ထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုမွေးဖွားလိုက်သော ကျားပေါက်လေး နှစ်ကောင်အပါအဝင် ဥယျာဉ်အတွင်း၌ ဆူမတြားကျားကောင်ရေ ၁၁ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊ ၎င်းတို့အနက် အမ ၇ ကောင် နှင့် အထီး ၄ ကောင်ပါဝင်ကြောင်း နိုင်ငံပိုင်သတင်းဌာန Antara ၏ဖော်ပြချက်ကိုးကား၍ သိရသည်။

ဆူမတြားကျားမျိုးစိတ်သည် ကျားမျိုးစိတ်များစွာအနက် အရွယ်အစားအသေးငယ်ဆုံးဖြစ်ကြောင်း ၊ ၎င်းကျားမျိုးစိတ်သည် အလျား ၂.၇ မီတာ နှင့် အလေးချိန် ၇၅ ကီလိုဂရမ်မှ ၁၁၄ ကီလိုဂရမ်အထိရှိကြောင်း သိရသည်။

အဆိုပါ ဆူမတြားကျားမျိုးစိတ်ကို ၂ဝဝ၈ ခုနှစ်တွင် မျိုးတုံးပျောက်ကွယ်မှုအန္တရာယ်နှင့်ကြုံတွေ့နေရသည့် သက်ရှိမျိုးစိတ်စာရင်းထဲသို့ထည့်သွင်းခဲ့ပြီး လက်ရှိတွင် ၎င်းကျားကောင်ရေမှာ တစ်ကမ္ဘာလုံး၌ ၄၄၁ ကောင်မှ ၆၇၉ ကောင်အကြားရှိနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.