NPC
နိုင်ငံတော်အကြီးအကဲ သံတမန်ဆက်ဆံရေးက တရုတ်သံတမန်ရေး၏ ဗဟိုချက် ဖြစ်သည်ဟု ဝမ်ရိ ပြောကြား
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၈ ရက်တွင် ကျင်းပသော အစည်းအဝေးကြီး နှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၅ ခုနှစ် နိုင်ငံတော် အကြီးအကဲ သံတမန်ရေးရလဒ်များကို ပြန်လည်အောက်မေ့၍ ၂၀၂၆ ခုနှစ် နိုင်ငံ့အကြီးအကဲ သံတမန်ဆက်ဆံရေး၏ စိတ်ဝင်စားကြည့်ရှုဖွယ်အချက်များကို ရှေးရှုပြောကြားခဲ့သည်။
ဝမ်ရိက နိုင်ငံတော်အကြီးအကဲ သံတမန်ဆက်ဆံရေးသည် တရုတ်သံတမန်ရေး၏ ဗဟိုချက် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်က လှိုင်းဒဏ်လေဒဏ်ကြမ်းတမ်းသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် သမ္မတ ရှီကျင့်ဖိန်သည် ကြီးမားကျယ်ပြန့်၍ အရှိန်အဟုန်မြင့်မားသည့် နိုင်ငံတော်အကြီးအကဲ သံတမန်ဆက်ဆံရေးကို ဆောင်ရွက်ကာ အရေးကြီးသည့် သမိုင်းအခိုက်အတန့်တစ်ခုစီကို ပုံသွင်းတည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တစ်နှစ်တာကာလတွင် သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ အဓိကနိုင်ငံ့အကြီးအကဲများနှင့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုများ ကျင်းပခဲ့ရာ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်၍ နိုင်ငံကြီးများအကြား တွေ့ဆုံဆွေးနွေးညှိနှိုင်းသည့် လက်တွေ့ဖော်ဆောင်မှုအသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၊ ရုရှား၊ ဗဟိုအာရှနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ခရီးစဉ်သွားရောက်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေး အခင်းအကျင်းသစ်ကို ခိုင်မာစေခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေးနှင့် တရုတ်-CELAC ဖိုရမ်ကို ကြီးမှူးကျင်းပကာ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်မှုကြီး၏ စွမ်းအင်သစ်ကို စုစည်းပေးခဲ့ကြောင်း၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်ကာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအမှန်တရားကို ကာကွယ်စောင့်ရှောက်ခြင်း၏ အားကောင်းသောစကားသံသစ်ကို ထုတ်လွှင့်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုတစ်နှစ်တာကာလတွင် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံတော်အကြီးအကဲ သံတမန်ဆက်ဆံရေးမှတစ်ဆင့် တရုတ်နိုင်ငံကို ပို၍ နားလည်လာပြီး တရုတ်နိုင်ငံသို့ ချဉ်းကပ်ခဲ့ကြသလို တရုတ်နိုင်ငံအပေါ် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ ပိုမိုရှိလာခဲ့ကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။
သမ္မတရှီကျင့်ဖိန် ကိုယ်တိုင်ရေးဆွဲညွှန်ကြားသည့် တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာကြီးအတွက် အဖိုးတန်ဆုံးသော တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပံ့ပိုးပေးပြီး ကမ္ဘာ့ရှုပ်ထွေးနေသည့် အခင်းအကျင်းတွင် အစားထိုးမရသည့် မဏ္ဍိုင်ဖြစ်သည်ကို ပို၍ များပြားသော ကမ္ဘာ့နိုင်ငံများက သိရှိလာကြကြောင်း၊ အထူးသဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အရေးကြီး အစီအမံများနှင့် အတွေးအခေါ်များသည် သာလွန်ကောင်းမွန်သည့် မဟာဗျူဟာအမြော်အမြင်နှင့် သဘောထားကြီးမားကျယ်ပြန့်မှုကို ပြသလျက်ရှိရာ ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများ မည်သည့်လားရာသို့ သွားရမည်အတွက် မှန်ကန်သော ဦးတည်ချက်ကို ရှင်းလင်းစွာ လမ်းညွှန်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင်လည်း သမ္မတ ရှီကျင့်ဖိန်သည် အရပ်မျက်နှာအသီးသီးမှ လာရောက်ကြသော ဧည့်သည်တော်များကို တရုတ်နိုင်ငံတွင် လက်ခံကြိုဆိုမည် ဖြစ်သလို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အလွတ်သဘောအစည်းအဝေး၊ ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး စသည့် အရေးကြီးသည့် သံတမန်ရေးရာအခမ်းအနားများကို လက်ခံကြီးမှူးကျင်းပမည် ဖြစ်ကြောင်း၊ ထို့အပြင် အရေးကြီးသည့် ခရီးစဉ်များကိုလည်း သွားရောက်မည်ဖြစ်ရာ တရုတ်နိုင်ငံနှင့် ကမ္ဘာ၏ ဆက်ဆံရေးအား ပို၍ အပြုသဘောဆောင်သော ဦးတည်ချက်ဆီသို့ လျှောက်လှမ်းရန် မုချမသွေ တွန်းအားဖြစ်မည် ဖြစ်သလို လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နယ်ပယ်သစ်ဖွင့်လှစ်ရန်အတွက် မုချမသွေ တွန်းအားပေးမည်ဖြစ်ပြီး တရုတ်လူမျိုးများ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးလုပ်ငန်းအပေါ် အကျိုးသစ်များ ဖော်ဆောင်ရန်အတွက် မုချမသွေ တွန်းအားပေးမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
两会·外长记者会|王毅:元首外交是中国外交的定盘星
8日,中共中央政治局委员、外交部长王毅在两会记者会上回顾2025年元首外交成果,展望2026年元首外交看点。
王毅表示,元首外交是中国外交的定盘星。过去一年,面对风高浪急的国际局势,习近平主席开展了波澜壮阔的元首外交,塑造了一个个重要历史时刻。一年来,习近平主席与世界主要国家领导人举行重要会晤,开展战略沟通,开创了大国对话协调的新实践;出访东南亚、俄罗斯、中亚和韩国,巩固了周边睦邻友好的新局面;主持上海合作组织天津峰会和中国-拉共体论坛,汇聚了全球南方大团结的新动能;出席纪念中国人民抗日战争暨世界反法西斯战争胜利80周年系列活动,发出了捍卫和平与正义的新强音。
王毅指出,一年来,国际社会通过元首外交更加了解了中国,走近了中国,也更加信任和期待中国。越来越多国家认识到,习近平主席亲自擘画指挥的中国外交,为动荡世界提供了最宝贵的稳定性和确定性,成为全球乱局中不可替代的中流砥柱。尤其是习近平主席提出的系列重要倡议和理念,展现出卓越的战略远见和宽广的天下情怀,为世界百年变局向何处去指明了正确方向。
王毅表示,今年,习近平主席将在国内接待各方来宾,主持亚太经合组织领导人非正式会议、第二届中国-阿拉伯国家峰会等重大主场外交,还将开展数起重要的出访,必将推动中国与世界的关系朝着更加积极的方向迈进,必将推动人类命运共同体建设开辟新的境界,必将推动中华民族为世界的和平与发展事业作出新的贡献。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 李鑫 摄
