Connect with us

China

ဝမ်ရိနှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး Jarrah Jaber Al-Ahmad Al-Sabah ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မီဒီယာစင်တာရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ၂၀၂၆ ခုနှစ် မတ် ၈ ရက်တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေး” ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး Jarrah Jaber Al-Ahmad Al-Sabah တို့သည် မတ် ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာတွင် Jarrah Jaber Al-Ahmad Al-Sabah က ဒေသတွင်းနောက်ဆုံးဖြစ်ပေါ်မှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး ကူဝိတ်နိုင်ငံသည် စစ်ပွဲဖြစ်ပွားမှု၏ ကာယကံရှင်မဟုတ်သော်လည်း စစ်မက်မီးလျှံ၏ သက်ရောက်မှုခံရကြောင်း၊ ကူဝိတ် အပါအဝင် ပင်လယ်ကွေ့ဒေသနိုင်ငံများသည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုအား ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း တရားဝင် မိမိကိုယ်ကိုကာကွယ်ခွင့်အား စွန့်လွှတ်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ကြိုးပမ်းမှုများကို များစွာတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှုအား မြှင့်တင်၍ ဒေသတွင်းအခင်းအကျင်း လုံခြုံတည်ငြိမ်ရေးဆောလျင်စွာ ပြန်လည်ဖော်ဆောင်မှုကို အတူတကွ တွန်းအားပေးသွားလိုကြောင်း၊ ကူဝိတ်နိုင်ငံအနေဖြင့် တရုတ်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ဘေးကင်းလုံခြုံမှုအား များစွာအလေးထား၍ ဆက်လက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် အငြင်းပွားမှုအား ဖြေရှင်းရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ လက်ရှိစစ်ပွဲသည် မဖြစ်ပွားသင့်သည့် စစ်ပွဲတစ်ခုဖြစ်သလို ဘက်အသီးသီးအတွက် အကျိုးမရှိသည့် စစ်ပွဲလည်းဖြစ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေးသည် ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရရှိဘဲ အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေဆဲကာလတွင်ပင် အီရန်အပေါ် လက်နက်ဖြင့်တိုက်ခိုက်မှု လုပ်ဆောင်ခြင်းသည် နိုင်ငံတကာဥပဒေအား သိသိသာသာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုသည်လည်း အပြည့်အဝ လေးစားခံရသင့်ကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူနှင့် စစ်ရေးမဟုတ်သောပစ်မှတ်များအပေါ် တိုက်ခိုက်သည့်လုပ်ရပ်မှန်သမျှသည် ပြစ်တင်ရှုတ်ချမှုခံရသင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရန်ဖြစ်ကြောင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများအနေဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အစဉ်တစိုက် တိုက်တွန်းခဲ့ရာ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့်တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရ အရှေ့အလယ်ပိုင်းအရေး အထူးသံတမန်သည် ဒေသတွင်းသို့သွားရောက်၍ ကြားဝင်စေ့စပ်မှု လုပ်ဆောင်နေပြီဖြစ်ရာ ကူဝိတ်နှင့် အခြားနိုင်ငံများနှင့်အတူ ဆွေးနွေးဖလှယ်မှုအား မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ကူဝိတ်နိုင်ငံအနေဖြင့် ကူဝိတ်နိုင်ငံရှိ တရုတ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းသွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
王毅同科威特外交大臣杰拉赫通电话
新华社北京3月9日电 3月9日,中共中央政治局委员、外交部长王毅同科威特外交大臣杰拉赫通电话。
杰拉赫通报了地区局势最新情况,表示科威特并非战争当事方,但仍受到战火冲击。包括科在内的海湾国家仍致力于通过对话解决争端,但不会放弃合法自卫权利。科方高度赞赏中方立场和所作努力,愿同中方加强沟通协调,共同推动地区局势尽早恢复安全稳定。科方高度重视并将继续保护好中国人员和机构安全。
王毅表示,中方一贯主张通过政治和外交手段解决争端,目前的战事是一场本不应发生的战争,也是对各方都没有益处的战争。美国和以色列未经联合国授权,在伊美谈判还在进行当中对伊朗发动武力袭击,明显违反国际法。同时,海湾国家的主权、安全和领土完整也应得到充分尊重,任何攻击无辜平民和非军事目标的行为都应受到谴责。当务之急是尽快停火止战。海湾国家一直呼吁对话谈判,中方对此表示赞赏。中方将继续为争取和平作出努力,中国政府中东问题特使目前已赴地区斡旋,将同科方及其他国家加强沟通交流。希望并相信科方会维护中方在科机构和人员安全。(完)
图说1:3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 曹祎铭 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.