မြန်မာ-ENG
သမ္မတရှီက ပေါ်တူဂီနိုင်ငံ သမ္မတသစ် အန်တိုနီယို ဟိုဆေး ဆဂူရိုထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေါ်တူဂီနိုင်ငံ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အန်တိုနီယို ဟိုဆေး ဆဂူရိုထံ မတ် ၉ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာ၌ ရှီက တရုတ်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံကြား နက်နဲသိမ်မွေ့သည့် အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုကို အလေးအနက် ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သော ၄၇ နှစ်က သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ပံ့ပိုးကူညီမှုတို့ကို အစဉ်တစိုက် လက်ကိုင်ပြုခဲ့ကာ မကာအို အရေးကိစ္စကိုလည်း နိုင်ငံရေးအမြော်အမြင်ရှိရှိဖြင့် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်ခဲ့ပြီး မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံတကာရေးရာများတွင်လည်း နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်ကောင်းမွန်စွာ အစဉ်တိုးတက်လျက်ရှိသည်ဟု ရှီက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် တရုတ်-ပေါ်တူဂီ ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအပေါ် များစွာအလေးထားကာ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရေးအတွက် ဆဂူရိုနှင့် လက်တွဲလုပ်ဆောင်ရန်၊ အဆင့်မြင့်အလွှာ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ကောင်းကျိုးများ ပိုမိုသယ်ပိုးနိုင်ရန်အလို့ငှာ တရုတ်-ပေါ်တူဂီ မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး၏ အနက်အဓိပ္ပာယ် စဉ်ဆက်မပြတ် ပြည့်ဝကောင်းမွန်စေရေးအတွက် လုပ်ဆောင်သွားရန် အသင့်ရှိကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Xi extends congratulations to Portugal’s new president Antonio Jose Seguro
BEIJING, March 9 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory message to Antonio Jose Seguro on assuming the presidency of the Portuguese Republic.
In his message, Xi pointed out the profound traditional friendship between China and Portugal.
Xi said that since the establishment of diplomatic ties 47 years ago, the two countries have adhered to mutual respect and support, properly resolved the question of Macao with political wisdom, deepened mutually beneficial cooperation in the spirit of partnership, closely coordinated in international affairs, and the bilateral relations have always developed in a sound and stable manner.
Xi said that he attaches great importance to the development of China-Portugal relations and is ready to work with Seguro to enhance strategic communication, consolidate high-level mutual trust, promote high-quality cooperation, and continuously enrich the connotation of the China-Portugal comprehensive strategic partnership, so as to bring more benefits to the people of both countries.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, visits national political advisors from the Chinese Peasants and Workers Democratic Party, the Jiusan Society, the sector of medicine and health, and the sector of welfare and social security, who are attending the fourth session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC), in Beijing, capital of China, March 6, 2026. (Photo by Feng Yongbin/Xinhua)
