Connect with us

မြန်မာ-ENG

တရုတ်ထိုင်ပေအသင်းက အေအက်ဖ်စီ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်၌ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် ပြင်ဆင်

ဩစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် ကျင်းပသည့် တရုတ်ထိုင်ပေအသင်းနှင့် ဂျပန်အသင်းတို့၏ အေအက်ဖ်စီ အမျိုးသမီး အာရှဖလား အုပ်စု C ပွဲစဉ်အတွင်း ဘောလုံးအား ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်ကစားနေသည့် တရုတ်ထိုင်ပေအသင်းမှ ချန်ယွိချင် (ဝဲဘက်) ကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ဩစ‌တြေးလျနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် မတ် ၁၀ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော တရုတ်ထိုင်ပေအသင်းနှင့် အိန္ဒိယအသင်းတို့၏ အုပ်စုနောက်ဆုံးပွဲစဉ်၌ တရုတ်ထိုင်ပေအသင်းက အိန္ဒိယအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်ဖြစ်ရာ သံမဏိနှင်းဆီများအသင်းဟု တင်စားခံရသော တရုတ်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ်ကို မတ် ၁၄ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအောင်ပွဲကြောင့် တရုတ်ထိုင်ပေအသင်းက အုပ်စု C တွင် ဒုတိယနေရာ ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ကာ မြောက်ကိုရီးယား (DPRK) အသင်းအား ၂-၁ ဂိုးဖြင့် မတ် ၉ ရက်ညက အနိုင်ရ၍ အုပ်စု B ၌ ထိပ်ဆုံးနေရာကို ရရှိခဲ့သည့် တရုတ်အသင်းနှင့် မတ် ၁၄ ရက် မွန်းလွဲပိုင်း၌ အနောက်ဩစတြေးလျရှိ ပါ့သ်စတုဂံအားကစားကွင်းတွင် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုပွဲစဉ်၏ အနိုင်ရအသင်းက အိမ်ရှင်သြစတြေးလျအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရအသင်းနှင့် မတ် ၁၇ ရက်တွင် ပါ့သ်မြို့၌ ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မတ် ၁၀ ရက်ညက အခြား အုပ်စု C ပွဲစဉ်၌ ဂျပန်အသင်းက ဗီယက်နမ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အုပ်စု C အနိုင်ရအသင်းအနေဖြင့် ဂျပန်အသင်းက ဖိလစ်ပိုင်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆစ်ဒနီမြို့ရှိ Stadium Australia အားကစားကွင်း၌ မတ် ၁၅ ရက်ညနေတွင် ကစားမည်ဖြစ်သည်။
အခြားပွဲစဉ်များအနေဖြင့် တောင်ကိုရီးယားအသင်းက ဥဇဘက်ကစ္စတန်အသင်းနှင့် မတ် ၁၄ ရက်ည၌ Stadium Australia အားကစားကွင်းတွင် ကွာတားဖိုင်နယ်ပွဲစဉ် ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်မှ အနိုင်ရအသင်းက ဂျပန်အသင်း သို့မဟုတ် ဖိလစ်ပိုင်အသင်းနှင့် မတ် ၁၈ ရက်၌ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရမည်ဖြစ်ကြောင်း၊ ဖိုနယ်ပွဲစဉ်ကို မတ် ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် တရုတ်အသင်းနှင့် မြောက်ကိုရီးယား (DPRK) အသင်းတို့၏ အေအက်ဖ်စီ အမျိုးသမီး အာရှဖလား အုပ်စု B ပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် တရုတ်အသင်းနှင့် မြောက်ကိုရီးယား (DPRK) အသင်းတို့၏ အေအက်ဖ်စီ အမျိုးသမီး အာရှဖလား အုပ်စု B ပွဲစဉ်အား အနိုင်ရရှိပြီးနောက် အမှတ်တရဓာတ်ပုံရိုက်နေသည့် တရုတ်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(English Version)
Chinese Taipei sets up quarterfinal against China at AFC Women’s Asian Cup
SYDNEY, March 10 (Xinhua) — Chinese Taipei beat India 3-1 in their final group stage game at the 2026 AFC Women’s Asian Cup on Tuesday night to set up a quarterfinal clash with China’s Steel Roses on Saturday.
The win secured second place in Group C for Chinese Taipei and progression to the quarterfinals, where they will face China, who beat the Democratic People’s Republic of Korea (DPRK) 2-1 on Monday night to claim top spot in Group B, at Perth Rectangular Stadium in Western Australia on Saturday afternoon local time.
The winner of that match will play the winner of the quarterfinal between host nation Australia and DPRK in the semifinals in Perth on March 17.
In the other Group C match on Tuesday night, Japan eliminated Vietnam from the tournament with a 4-0 victory.
As the Group C winners, Japan will play the Philippines in the quarterfinals at Sydney’s Stadium Australia on Sunday evening.
On the same side of the draw, South Korea will play against Uzbekistan in the quarterfinals at Stadium Australia on Saturday night, with the winner to face Japan or the Philippines in the semifinals on March 18 before the final on March 21. ■
English Caption 1
Chen Yu-chin (L) of Chinese Taipei vies for the ball during the Group C match of Women’s Asian Cup between Chinese Taipei and Japan in Perth, Australia, March 4, 2026. (Photo by Zhou Dan/Xinhua)
English Caption 2, 3, 4, 5, 6
Players of China celebrate a goal during the Group B match of Women’s Asian Cup between China and the Democratic People’s Republic of Korea (DPRK) in Sydney, Australia, March 9, 2026. (Xinhua/Ma Ping)
English Caption 7
Players of China pose after winning the Group B match of Women’s Asian Cup between China and the Democratic People’s Republic of Korea (DPRK) in Sydney, Australia, March 9, 2026. (Xinhua/Ma Ping)