Connect with us

China

တရုတ်-ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ်က ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းရေး ဘုံကတိကဝတ်ကို ထင်ထင်ရှားရှားရှိစေ

လန်ဒန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

၈ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ်အား ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မတ် ၁၈ ရက်က ကျင်းပခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်နေခိုက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းသစ်များ လေ့လာဖော်ထုတ်ရန် အစိုးရ၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ပညာရေးနယ်ပယ်တို့မှ ကိုယ်စားလှယ် ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မားချန့် တေလာ ခန်းမ၌ “အရှိန်အဟုန်အားကောင်းသော ညီညွတ်မှု ၊ ကံကြမ္မာအကျိုးတူ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါ ဖိုရမ်အား ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ဗြိတိန်နိုင်ငံမှ ထိပ်တန်း အဖွဲ့အစည်းများနှင့်အတူ ဗြိတိန်နိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း (CCCUK) က ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုနှစ် အစောပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ၏ တရုတ်နိုင်ငံခရီးစဉ် အပါအဝင် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား အဆင့်မြင့်အလွှာ ထိတွေ့ဆက်ဆံမှုများ အင်တိုက်အားတိုက် ပြန်လည်လုပ်ဆောင်နေချိန်တွင်လည်းကောင်း၊ တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီးနှစ်ရပ်” ၌ မူဝါဒဆိုင်ရာ နိမိတ်လက္ခဏာသစ်များနှင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ထုတ်ပြန်ထားချိန်တွင်လည်းကောင်း ယခုအခမ်းအနားအား ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုအခမ်းအနားသည် နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းများအကြား အပြန်အလှန်ဆွေးနွေးရာတွင် အဓိက ပလက်ဖောင်းတစ်ခု ဖြစ်လာကြောင်း၊ ရရှိထားသည့် အရှိန်အဟုန်များကို ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖော်ဆောင်ရန် လိုအပ်ကြောင်း ဖိုရမ်ဖွင့်ပွဲတွင် CCCUK ဥက္ကဋ္ဌ ဖောင်းဝန်ကျန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ နိုင်ငံအချင်းချင်းကြားက ပေါင်းကူးတံတားတွေပါပဲ။ ကျွန်တော်တို့ရဲ့ မစ်ရှင်ကတော့ အဲဒီပေါင်းကူးတံတား ဆက်လက်တောင့်တင်းခိုင်မာအောင် လုပ်ဆောင်ပေးဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဖိုရမ်၌ အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိန့်ကျယ်ကွမ်းက နှစ်နိုင်ငံစလုံးမှ စီးပွားရေးအသိုင်းအဝိုင်းများသည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရာတွင် မောင်းနှင်အားတစ်ရပ်အဖြစ် ကာလကြာမြင့်စွာ အကျိုးပြုခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့ကာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တူညီဆန္ဒများကို လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးရလဒ်များအဖြစ် အကောင်အထည်ဖော်ရေးအတွက် ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရန် တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနာဂတ်စီမံချက်သစ်မှာ ကမ္ဘာတစ်ဝန်းလုံးမှ မိတ်ဖက်များအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးမည်ဖြစ်ကာ တရုတ်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှုအတွက် အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ကမ္ဘာကြီးမှာ ကသောင်းကနင်းဖြစ်မှုတွေ မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ ပိုပြီးအရေးကြီးလာပါပြီ” ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတဲ့အချိန်မှာ အခက်အခဲတွေကြောင့် နောက်တွန့်မသွားဘဲ ရှေ့ကိုသာ တစ်ဟုန်ထိုး လျှောက်လှမ်းသင့်ပါတယ်” ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးဝန်ကြီး လူစီ ရစ်ဘီက ဗြိတိန်အစိုးရကိုယ်စား အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံနှင့် တည်ငြိမ်၍ အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် အဓိက အားဖြည့်ပံ့ပိုးသူအဖြစ်လည်းကောင်း၊ ဗြိတိန်နိုင်ငံအတွက် အရေးပါသော မိတ်ဖက်အဖြစ်လည်းကောင်း ဆက်လက်တည်ရှိနေကြောင်း၊ အပြန်အလှန် ဆွေးနွေးမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်ခြင်းက စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်သည့် သေချာရေရာမှုများကို ဖန်တီးပေးရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံလုံး၏ စီးပွားရေးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုတို့ကို အားဖြည့်ပံ့ပိုး‌ပေးရာတွင် အထူးသဖြင့် ငွေကြေးဝန်ဆောင်မှုကဲ့သို့သော နယ်ပယ်များတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။

လန်ဒန်မြို့၏ Lady Mayor နှင့် မြို့တော်ကောင်စီဝင်ဖြစ်သူ ဆူဆန် လန်ဂလေကလည်း လန်ဒန်မြို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဗဟိုချက်အဖြစ် ကာလကြာမြင့်စွာ ရပ်တည်ခဲ့သည့် အခန်းကဏ္ဍကို အလေးပေးပြောဆိုခဲ့ကာ တရုတ်-ဗြိတိန် ဆက်ဆံရေးသည်လည်း သမိုင်းကြောင်းအရ နက်နဲသည့် အရင်းခံ အကြောင်းရင်းများရှိခဲ့သလို ထိုဆက်ဆံရေးမှာလည်း ဆက်လက်တိုးတက်လျက်ရှိသည်ဟု ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260319/3aafd72fef07475384a42fcc460e49df/c.html
………………
(English Version)
China-UK Economic and Trade Forum highlights shared commitment to deeper cooperation
LONDON, March 18 (Xinhua) — The 8th China-UK Economic and Trade Forum was held in London on Wednesday, bringing together around 350 representatives from government, business, finance and academia to explore new opportunities for bilateral cooperation amid a changing global landscape.
Held at Merchant Taylors’ Hall under the theme “United in Momentum, Deepening Collaboration for a Shared Future,” the forum was hosted by the China Chamber of Commerce in the UK (CCCUK), with support from the Chinese Embassy in the UK and the UK Department for Business and Trade, alongside several leading British institutions.
The event came against the backdrop of renewed high-level engagement between China and the UK, including British Prime Minister Keir Starmer’s visit to China earlier this year, as well as fresh policy signals from China’s “Two Sessions” and the rollout of the 15th Five-Year Plan.
Opening the forum, Fang Wenjian, chairman of CCCUK, said the event has become a key platform for dialogue between the two countries’ business communities, stressing the need to translate momentum into concrete cooperation.
“We are bridges between the countries,” he said. “It is our mission to ensure that this bridge remains solid and strong.”
In his keynote address, Chinese Ambassador to the UK Zheng Zeguang said business communities in both countries have long served as a driving force in advancing bilateral relations while calling for greater efforts to translate leaders’ consensus into tangible outcomes.
He said China’s new development blueprint will bring fresh opportunities for global partners and inject new momentum into China-UK cooperation.
“The rising turbulence of the world makes it all the more important for China and the UK to strengthen cooperation,” he said. “We should not shy away from difficulty when doing the right thing, but instead charge ahead.”
Speaking on behalf of the UK government, Economic Secretary to the Treasury Lucy Rigby stressed the importance of maintaining a stable and constructive economic relationship with China.
She said China remains a key contributor to global growth and an important partner for the UK, adding that sustained dialogue helps provide greater certainty for businesses.
She also highlighted the role of practical cooperation, particularly in areas such as financial services, in supporting growth, innovation and job creation in both countries.
In her remarks, the Lady Mayor of the City of London, Alderwoman Dame Susan Langley, highlighted London’s long-standing role as a global hub for trade and finance, noting that China-UK economic ties have deep historical roots and continue to evolve.
https://english.news.cn/20260319/3aafd72fef07475384a42fcc460e49df/c.html