Connect with us

China

တရုတ်နိုင်ငံမှ ထန်ချန်ထျင် က အမျိုးသမီး မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် အာရှစံချိန်သစ်တင်

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရေပေါ်ရေအောက်အားကစား ချန်ပီယံရှစ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁၀၀ ရင်ပေါင်တန်းကူး ဗိုလ်လုပွဲအဆင့်အတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ထန်ချန်ထျင်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်း ရေကူးချန်ပီယံရှစ်နှင့် အမျိုးသားနွေဦးရာသီရေကူးချန်ပီယံရှစ်ပြိုင်ပွဲ၏ ပဏာမအဆင့်ပြိုင်ပွဲအတွင်း မတ် ၁၉ ရက်က ပြုလုပ်သည့် အမျိုးသမီး မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ထန်ချန်ထျင် က နောက်ထပ် အာရှစံချိန်သစ်ကို ထပ်မံတင်ခဲ့ကြောင်း သိရသည်။

၂၉.၄၉ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည့် အဆိုပါစံချိန်သစ်က ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပခဲ့သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ရေကူးချန်ပီယံရှစ်ပြိုင်ပွဲ၌ တင်ခဲ့သည့် ၎င်း၏ယခင်အာရှစံချိန် ၂၉.၅၁ စက္ကန့်ထက် ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၌ အမျိုးသမီး မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ထန် က ၎င်း၏စွမ်းဆောင်ရည်ကို ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

“တကယ်တော့ ကျွန်မ ဒီအတွက် တကယ်ကို မပြင်ဆင်ထားခဲ့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ “အစကတော့ အခုနှစ်နှောင်းပိုင်းမှာ ဒီအချိန်အခါကို ရောက်ဖို့ စီစဉ်ထားခဲ့ပါတယ်၊ ဒါပေမဲ့လည်း အခုချိန်မှာ ရောက်ဖို့တော့ မမျှော်လင့်ခဲ့မိပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပိုပြီး စိတ်အေးလက်အေးနေလာခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးတွေ သိပ်မပိစေခဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရေပေါ်ရေအောက်အားကစား ချန်ပီယံရှစ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁၀၀ ရင်ပေါင်တန်းကူး ဗိုလ်လုပွဲအဆင့်ပြီးနောက် အောင်ပွဲခံနေသည့် တရုတ်နိုင်ငံမှ ထန်ချန်ထျင် ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Tang Qianting sets new Asian record in women’s 50m breaststroke
SHENZHEN, China, March 19 (Xinhua) — China’s Tang Qianting set another new Asian record in the women’s 50m breaststroke during the preliminary round of the 2026 China Open Swimming Championships and National Spring Swimming Championships here on Thursday.
The new time of 29.49 seconds surpassed her own previous Asian record of 29.51 seconds set at the 2024 World Swimming Championships in Doha.
Tang, who earned a silver medal in the women’s 100m breaststroke at the 2024 Paris Olympics, said she was delighted with her performance.
“I wasn’t really prepared for this,” she said. “I originally planned to achieve this time later in the year, but I didn’t expect it now. Maybe it’s because I’ve been more relaxed in the past two years, not putting too much pressure or burden on myself.” ■
English Caption 1
Tang Qianting of China competes during the women’s 100m breaststroke final of swimming event at the World Aquatics Championships 2024 in Doha, Qatar, Feb. 13, 2024. (Xinhua/Xue Yuge)
English Caption 2
Tang Qianting of China celebrates after the women’s 100m breaststroke final of swimming event at the World Aquatics Championships 2024 in Doha, Qatar, Feb. 13, 2024. (Xinhua/Xia Yifang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.