China
ဟယ်လိဖုန်းနှင့် စင်ကာပူ Temasek ကုမ္ပဏီ ဥက္ကဋ္ဌ Teo Chee Hean တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဟယ်လိဖုန်းသည် စင်ကာပူ Temasek ကုမ္ပဏီ ဥက္ကဋ္ဌ Teo Chee Hean နှင့် မတ် ၂၂ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟယ်လိဖုန်းက ယခုနှစ်သည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးခြေလှမ်းများမှာ အားကောင်းခြင်း၊ စီမံကိန်းအဖွင့် အခင်းအကျင်းကောင်းမွန်ခြင်း၊ မျှော်မှန်းချက်ထက် ကောင်းမွန်ခြင်းရှိရာ ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်မှု၊ သေချာရေရာမှုများကို ဆက်လက်ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုကို မမှိတ်မသုန်ဆောင်ရွက်သွားမည် ဖြစ်သလို ပြည်တွင်းဈေးကွက်ဝင်ဆံ့မှုကို စဉ်ဆက်မပြတ်တိုးချဲ့ အဆင့်မြှင်တင်သွားမည် ဖြစ်ရာ Temasek ကုမ္ပဏီ စသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံသို့ လာရောက်၍ လုပ်ငန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်၊ တရုတ်စီးပွားရေး အရည်အသွေးမြင့် တိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားရန် ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Teo Chee Hean က Temasek ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှု အလားအလာအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း၊ တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
何立峰会见新加坡淡马锡公司董事长张志贤
新华社北京3月23日电 中共中央政治局委员、中央财办主任何立峰22日在京会见新加坡淡马锡公司董事长张志贤。
何立峰表示,今年是“十五五”开局之年,中国经济起步有力、开局良好、好于预期,持续为世界经济注入稳定性、确定性。中国将坚定不移扩大高水平对外开放,不断扩容升级国内大市场,欢迎淡马锡公司等各国投资者来华投资兴业,共享中国经济高质量发展机遇。
张志贤表示,淡马锡公司对中国经济发展前景充满信心,愿继续拓展在华投资合作。(完)
1. 3月22日,中共中央政治局委员、中央财办主任何立峰在北京会见新加坡淡马锡公司董事长张志贤。 新华社记者 才扬 摄
