Connect with us

Asia

(အာရှ-ပစိဖိတ် အသိုက်အဝန်း) ပန်းချီကားပတ္တူစပေါ်တွင် ကမ္ဘာနှစ်ခု ဆုံစည်းခြင်း၊ တရုတ်-ပါကစ္စတန် ပန်းချီပြပွဲက ယဉ်ကျေးမှုချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ ပါကစ္စတန် အမျိုးသား အနုပညာကောင်စီ တွင် တရုတ်အနုပညာလက်ရာများကို ကြည့်ရှု‌လေ့လာနေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်ယဉ်ကျေးမှုအလှတန်ဆာဆင်မှုများနှင့်အတူ တရုတ်ရိုးရာစုတ်ချက်များ ခြယ်မှုန်းထားသည့် ရွှန်းစိုတောက်ပနေသည့် ရှုခင်းပန်းချီကားရှေ့မှောက် မတ်တတ်ရပ်လိုက်မိချိန်တွင် Ayesha Khan ၏ စိတ်ဝယ် “ပန်းချီကားပတ္တူစပေါ်တွင် ကမ္ဘာနှစ်ခု ဆုံစည်းနေသည့်နှယ်” ခံစားခဲ့ရသည်။
ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် ပါကစ္စတန် အမျိုးသား အနုပညာကောင်စီတွင် ပူးတွဲကျင်းပသည့် “တရုတ်-ပါကစ္စတန် ပန်းချီပြပွဲ” တွင် အဆိုပါ ပန်းချီလက်ရာကို ခင်းကျင်းပြသထားခြင်းဖြစ်သည်။
ထင်ရှားသော ပါကစ္စတန်နှင့် တရုတ် ပန်းချီအနုပညာရှင်များ၏ ပန်းချီလက်ရာများ ပါဝင်ပြသထားသည့် ယင်းပန်းချီပြပွဲက နှစ်နိုင်ငံအကြား အဓွန့်ရှည်ကြာသော ဆက်ဆံရေးကို ဖော်ပြလျက်ရှိသလို နှစ်ပေါင်း ၇၅ နှစ်တာ သံတမန်ဆက်ဆံရေးအတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသော ယဉ်ကျေးမှုချိတ်ဆက်ခြင်းများကိုလည်း အလေးထားဖော်ပြလျက်ရှိသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260320/3debe9aebe674d5e9a0d67115ac697b1/c.html
……………………………………..
(English Version)
Asia-Pacific Community: Two worlds meet on canvas: China-Pakistan art show deepens cultural bonds
ISLAMABAD, March 19 (Xinhua) — Standing before a vivid landscape blending traditional Chinese brushwork with Pakistani cultural motifs, Ayesha Khan felt “as if two worlds are meeting on one canvas.”
The work was on display at the “China-Pakistan Art Exhibition,” a joint art exhibition held at the Pakistan National Council of Arts to celebrate Pakistan-China friendship.
The vibrant exhibition featured artworks by prominent Pakistani and Chinese artists, showcasing the enduring ties between the two countries and highlighting the deep-rooted cultural connections forged over 75 years of diplomatic relations.
https://english.news.cn/20260320/3debe9aebe674d5e9a0d67115ac697b1/c.html
Photo: Visitors experience Chinese artworks at the Pakistan National Council of the Arts in Islamabad, Pakistan, on Nov. 7, 2023. (Xinhua/Tang Binhui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.