Asia
(အာရှ-ပစိဖိတ် အသိုက်အဝန်း) တရုတ်နိုင်ငံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘောဒီးယားနိုင်ငံအတွက် အကျိုးကျေးဇူးရရှိဟု ကမ္ဘောဒီးယားဝန်ကြီး ပြောကြား
ဖနွမ်းပင်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
အထူးသဖြင့် ကာဗွန်ထုတ်လွှတ်မှု စောင့်ကြည့်ရေးနည်းပညာ၊ မြို့ပြလေထုအရည်အသွေး စီမံခန့်ခွဲမှုနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးမဟာဗျူဟာများ အပါအဝင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများက ကမ္ဘောဒီးယားနိုင်ငံအတွက် အဖိုးတန် သင်ခန်းစာများကို ပေးစွမ်းလျက်ရှိကြောင်း ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင်ဝန်ကြီး အန်း ဆိုဖာလက်သ်က မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် လေထုအရည်အသွေး စီမံခန့်ခွဲမှု အပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားကြောင်း ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ဆိုဖာလက်သ်က ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုယန္တရားတွေနဲ့ ဒေသတွင်း အစီအမံတွေအရ ကမ္ဘောဒီးယားနိုင်ငံဟာ လေ့ကျင့်သင်တန်းပို့ချတဲ့ အစီအစဉ်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်မှုနဲ့ နည်းပညာဖလှယ်ရေး စီမံခန့်ခွဲမှုတွေကနေ အကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/asiapacific/20260319/e3d21d9f1b4949a4aa1323256238f675/c.html
……………….
(English Version)
Asia-Pacific Community: Environmental cooperation with China benefits Cambodia, minister says
PHNOM PENH, March 19 (Xinhua) — Chinese experience in air pollution control, particularly in areas such as emission monitoring technology, urban air quality management, and pollution control strategies, has provided valuable lessons for Cambodia, said Cambodian Minister of Environment Eang Sophalleth on Thursday.
Cambodia and China have maintained constructive cooperation in environmental protection, including air quality management, said Sophalleth in an interview with Xinhua.
“Through bilateral cooperation mechanisms and regional initiatives, Cambodia has benefited from training programs and support in environmental monitoring and technical exchanges management,” he said.
https://english.news.cn/asiapacific/20260319/e3d21d9f1b4949a4aa1323256238f675/c.html
English Caption
Chinese President Xi Jinping holds talks with Cambodian Prime Minister Hun Manet at the Peace Palace in Phnom Penh, Cambodia, April 17, 2025. (Xinhua/Liu Weibing)
