မြန်မာ-中文
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ ဝမ်ရိ တက်ရောက်
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မတ် ၂၃ ရက်တွင် ပေကျင်းမြို့၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံ ၆ နိုင်ငံသည် “တန်းတူညီမျှ ဆက်ဆံခြင်း၊ စိတ်ရင်းစေတနာမှန်ဖြင့် အပြန်အလှန် ကူညီဖေးမခြင်း၊ မိသားစုပမာ ချစ်ကြည်ရင်းနှီးခြင်း” ဟူသော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို လက်ကိုင်ထား၍ “ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ကျ၍ ထိရောက်မှုမြင့်မားခြင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်ခြင်း” ဟူသော လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို အကောင်အထည်ဖော်ဆောင်ကာ “နေ့စဉ်နှင့်အမျှ တိုးတက်ခြင်း၊ လစဉ်နှင့်အမျှ အောင်မြင်မှုရလဒ် ဖြစ်ထွန်းခြင်း၊ နှစ်စဉ်နှင့်အမျှ အဆင့်သစ်သို့ တက်လှမ်းခြင်း” ဟူသော လန်ချန်း-မဲခေါင်၏ မြန်နှုန်းကို ဖန်တီးခဲ့ကြကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ မျိုးစေ့လေးတစ်စေ့မှသည် အရိပ်အာဝါသကြီးမားသော သစ်ပင်ကြီးအဖြစ်သို့ ကြီးထွားလာခဲ့ရာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် စံနမူနာ ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်တစ်ခုကြာကာလတွင် အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ခြင်း၏ သော့ချက်မှာ အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု၊ ကံကြမ္မာတူအသိုက်အဝန်းရှိမှုကို အစဉ်အမြဲ လက်ကိုင်ထားခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးပြု အကျိုးဖြစ်ထွန်းမှုကို အစဉ်တစိုက် အာရုံစိုက်ခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်ကာ ရှေ့ဆောင်ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မှုတို့ကို အစဉ်အမြဲ လက်ကိုင်ထားခြင်းကြောင့် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မဟာဗျူဟာချိတ်ဆက်မှုများကို အားဖြည့်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်းကို အတူတကွ ဖန်တီးကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် “လန်ချန်း-မဲခေါင် နမူနာပုံစံ” ကို တည်ထောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ်ကို လက်ကိုင်ထားကာ မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ဆယ်စုနှစ်သစ်” ကို အတူတကွ ဖွင့်လှစ်သွားမည် ဖြစ်သလို ငြိမ်းချမ်းခြင်၊ အေးချမ်းခြင်း၊ သာယာဝပြောခြင်း၊ လှပခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း ရှိသော လန်ချန်း-မဲခေါင် မိသားစုဥယျာဉ်ကို အတူတကွ လက်တွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Chatchai Viriyavejakul က အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ကြာကာလတွင် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့သည့်အပေါ် အထူးတန်ဖိုးထားသုံးသပ်ခဲ့သလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ အရေးပါသည့်အကျိုးဆောင်မှုများကိုလည်း တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ ပို၍ လုံခြုံမှု၊ ပို၍ သန့်ရှင်းမှု၊ ပို၍ စဉ်ဆက်မပြတ်မှု ရှိသော လန်ချန်း-မဲခေါင် နိုင်ငံများ၏ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ငါးနိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ စသည့် ဧည့်သည်တော်များနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုရလဒ်ပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အခမ်းအနားတွင် “လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး – ဘုံမျှော်မှန်းချက်နှင့် လက်တွေ့ဖော်ဆောင်မှုလမ်းစဉ်များ” နှင့် “အနာဂတ်ဆယ်စုနှစ်အတွင်း လန်ချန်း-မဲခေါင်ဒေသ အပြန်အလှန်ချိတ်ဆက်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ နက်ရှိုင်းစွာ ပေါင်းစည်းမှုဆိုင်ရာ ဘက်စုံစီမံကိန်း” တို့ကို ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
—————–
(Chinese Version)
王毅出席庆祝澜湄合作首次领导人会议召开十周年招待会
新华社北京3月23日电 中共中央政治局委员、外交部长王毅23日在北京出席庆祝澜湄合作首次领导人会议召开十周年招待会并发表致辞。
王毅表示,在习近平主席和湄公河国家领导人引领下,六国秉持“平等相待、真诚互助、亲如一家”的澜湄文化,践行“发展为先、平等协商、务实高效、开放包容”的澜湄精神,创造“天天有进展、月月有成果、年年上台阶”的澜湄速度。澜湄合作从一粒种子成长为参天大树,为构建人类命运共同体树立了典范。
王毅表示,澜湄合作十年间得以蓬勃发展,关键在于始终坚持睦邻友好、命运与共,始终坚持聚焦发展、利民惠民,始终坚持创新驱动、先行先试。我们要强化战略对接,共同打造澜湄合作2.0版,为全球治理树立“澜湄样板”。中国将秉持亲诚惠容周边外交理念,与湄公河五国一道,共同开启澜湄合作新的“金色十年”,携手共建和平、安宁、繁荣、美丽、友好的澜湄家园。
澜湄合作共同主席国泰国驻华大使韩灿才发表致辞,高度评价澜湄合作十年来取得的丰硕成果,赞赏中方为推动澜湄合作作出的重要贡献,呼吁各国深化团结合作,共同建设更安全、更清洁、更可持续的澜湄国家命运共同体。
王毅同湄公河五国驻华使节等嘉宾共同参观澜湄合作成果展。会上发布《构建澜湄国家命运共同体:共同愿景与实践路径》和《澜湄地区未来10年互联互通、共同发展、深度融合总体规划》。(完)
1. 3月23日,中共中央政治局委员、外交部长王毅在北京出席庆祝澜湄合作首次领导人会议召开十周年招待会并发表致辞。新华社记者 戴天放 摄
