China
အီရန်နိုင်ငံတွင် စစ်ပွဲနှင့်ပတ်သက်၍ ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် စစ်ပွဲများ အဆုံးသတ်ရန် တရုတ်နိုင်ငံ တိုက်တွန်း
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ၏ ဓာတ်အားပေးစက်ရုံများအား တိုက်ခိုက်ရန် စီစဉ်ထားမှုကို ညှိနှိုင်းမှုများအတွက် ရွှေ့ဆိုင်းထားကြောင်း အမေရိကန်က ပြောဆိုပြီးနောက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် စစ်ပွဲများ အဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးမှုဆီသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။
နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ယင်းနှင့် ဆက်စပ်သည့် မေးမြန်းမှုတစ်ခုအား ပြန်လည်ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသည့် အမျိုးသားတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲအတွင်း ထရာဖာလ်ဂါရင်ပြင်အရှေ့၌ လက်ကိုင်ပိုစတာများ ကိုင်ထားကြသူများကို ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ထိခိုက်ပျက်စီးသွားသော နေအိမ်များမှ ရှာဖွေတွေ့ရှိသည့် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများအား ကားပေါ်တင်နေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
China urges immediate ceasefire, end to hostilities regarding war in Iran
BEIJING, March 24 (Xinhua) — A Chinese foreign ministry spokesperson on Tuesday called on relevant parties to bring an immediate ceasefire and an end to hostilities and return to peace and dialogue as soon as possible, after the U.S. claimed to postpone planned strikes against Iran’s power plants for negotiations.
Spokesperson Lin Jian made the remarks at a daily press briefing in response to a related query. ■
English Caption 2
A man attends a protest against U.S.-Israeli attacks on Iran in central London, Britain, March 21, 2026. (Xinhua/Li Ying)
English Caption 3
People hold placards in front of Trafalgar Square during a protest against U.S.-Israeli attacks on Iran in central London, Britain, March 21, 2026. (Xinhua/Li Ying)
English Caption 4
People load belongings searched from destroyed houses in Tehran, Iran, March 12, 2026. (Xinhua/Shadati)
