Connect with us

China

အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေသော ရသာမွန်ငါးမျိုး

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ ရန်ကျန်းလမ်းရှိ ခရုခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်က ချက်ပြုတ်ပြီးခါစ ခရုခေါက်ဆွဲအား ဝယ်သူထံပေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

လမ်းသွယ်များမှ စိုက်ခင်းများအထိ၊ မြို့ပြများမှ ကျေးလက်အထိ၊ ပြည်တွင်းမှ ပြည်ပအထိ … ခေါက်ဆွဲဆိုင်များ နေရာတကာ၌ တည်ရှိနေသလို ခေါက်ဆွဲစားသူကိုလည်း နေရာတကာတွေ့မြင်နိုင်ကာ ခေါက်ဆွဲသည်လည်း အဆက်မပြတ် ရောင်းကောင်းလျက်ရှိသည်။ လတ်တလောနှစ်ပိုင်းတွင် “အချဉ်၊ လန်းဆန်းမှု၊ လတ်ဆတ်မှု၊ အစပ်၊ အပူ” ဟူသည့် အရသာငါးမျိုးကို စုစည်းထားသော လျိုကျိုး ခရုခေါက်ဆွဲ (လော်စီးဖန်) သည် ပြည်တွင်းပြည်ပ၌ ရေပန်းစားလျက်ရှိသည်။
၁၀ နှစ်ကျော်ကာလအတွင်း တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့သည် စက်မှုလုပ်ငန်းအသွင်ပြောင်းမှု အယူအဆဖြင့် ခရုခေါက်ဆွဲ လုပ်ငန်းကွင်းဆက်တစ်ခုလုံး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်ခဲ့သည်။ ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ဒါဇင်ချီသို့ ရောင်းချနိုင်ခဲ့ရာ ခရုခေါက်ဆွဲလေးသည်လည်း “ဒေသန္တရသွားရည်စာ” မှ “နိုင်ငံတကာအသွင်လုပ်ငန်း” အဖြစ် ပြောင်းလဲလာခဲ့သည်။

လျိုကျိုးခရုခေါက်ဆွဲသည် ရသာမွန်စားသောက်ဖွယ်တစ်ခုဖြစ်ရုံသာမက ယဉ်ကျေးမှုကို ဆောင်ကြဉ်းထားသည့် အရာတစ်ခုလည်းဖြစ်ပြီး ကွမ်ရှီးဒေသ၏ ဒေသန္တရထူးခြားချက်နှင့် စားသောက်ပုံ ယဉ်ကျေးမှုကို ကိုယ်စားပြုလျက်ရှိသည်။ ယနေ့တွင် တစ်မူထူးခြားသော ခရုခေါက်ဆွဲယဉ်ကျေးမှုကို လက်တွေ့ခံစားရန်အတွက် နှစ်စဉ် ခရီးသွားများစွာက လျိုကျိုးမြို့သို့လာရောက် လည်ပတ်၍ ခေါက်ဆွဲစားလျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် လျိုကျိုး ခရုခေါက်ဆွဲပြုလုပ်သည့် လက်မှုပညာကို ပဉ္စမအသုတ်မြောက် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် လျိုကျိုးမြို့ ခရုခေါက်ဆွဲ လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ ရောင်းချမှုဝင်ငွေသည် ယွမ် ၈၀ ဘီလီယံကျော်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုး‌မြို့ ချင်းယွင်အရပ်ဈေးရှိ ခရုခေါက်ဆွဲဆိုင် တစ်ဆိုင်တွင် တန်းစီ၍ ဝယ်ယူနေသည့် ခရီးသွားများကို ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုး‌မြို့ ချင်းယွင်အရပ်ဈေးရှိ ခရုခေါက်ဆွဲဆိုင် တစ်ဆိုင်တွင် ဝန်ထမ်းများက ခရုခေါက်ဆွဲချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
五味香四海
新华社照片,南宁,2026年3月24日
从街巷到田间,从城市到乡村,从国内到海外……粉店遍布各地,嗦粉人随处可见,产品持续热卖。近年来,集“酸、爽、鲜、辣、烫”五味于一体的柳州螺蛳粉,风靡海内外。
10多年来,柳州用工业化理念推动螺蛳粉全产业链高质量发展,产品远销数十个国家和地区,小小螺蛳粉实现了由“地方小吃”向“国际化产业”的转变。
柳州螺蛳粉不仅是一种美食,更是一种文化的载体,代表着广西的地方特色和饮食文化。如今,每年都有大批游客前往柳州打卡、嗦粉,实地感受独特的螺蛳粉文化。
2021年,柳州螺蛳粉制作技艺被列入第五批国家级非物质文化遗产代表性项目名录。2025年,柳州市螺蛳粉全产业链销售收入超过800亿元。
1、在广西柳州市沿江路一家螺蛳粉店,店主将刚刚煮好的螺蛳粉递给顾客(2026年3月10日摄)。 新华社记者 黄孝邦 摄
2、游客在广西柳州市青云民生市场一家螺蛳粉店排队购买螺蛳粉(2026年3月14日摄)。新华社记者 黄孝邦 摄
3、在广西柳州市青云民生市场一家螺蛳粉店,工作人员在准备煮螺蛳粉(2026年3月11日摄)。新华社发(郑昌昊摄)