Connect with us

China

ချွီကျန်းရေကန်ကမ်းနားက နွေဦးရာသီအလှမြင်ကွင်းများ

တရုတ်နိုင်ငံ ရှီးအန်းမြို့ ချွီကျန်းရေကန်ရှိ ရှေးဟောင်းအမွေအနှစ် ဥယျာဉ်မြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီးအန်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းက ရှေးဟောင်းမြို့တော် ရှီးအန်းရှိ ချွီကျန်းရေကန်ကမ်းနားတွင် ချယ်ရီပန်းများ ပွင့်လန်းလာပြီး မိုးမခပင်များ စိမ်းလန်းစိုပြည်လျက်ရှိရာ နွေဦးအလှအငွေ့အသက်များက ခရီးသွားဧည့်သည်များအား လာရောက် ဓာတ်ပုံရိုက်ကူး၍ လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ ချွီကျန်းသည် တစ်ချိန်က တရုတ်နိုင်ငံသမိုင်းတွင် နာမည်ကျော်ကြားသည့် တော်ဝင်ဥယျာဉ်ဖြစ်သည်။ ထန်မင်းဆက်ခေတ်ကာလတွင် ယင်းနေရာရှိ ရေပြင်ဧရိယာကို တိုးချဲ့တူးဖော်ခဲ့ရာ စာပေပညာရှင်များစွာက ယင်းနေရာ၌ စုဝေးကာ ကဗျာများ စပ်ဆိုသီကုံးလေ့ရှိခဲ့ကြသည်။ (Xinhua)
——————–
(Chinese Version)
曲江池畔春意盎然
新华社照片,西安,2026年3月25日
近日,古都西安曲江池畔樱花绽放、绿柳成荫,一派盎然春色吸引众多游人拍照、游玩。曲江曾经是我国历史上久负盛名的皇家园林。唐时,这里疏浚扩建出千亩水面,众多文人墨客常于此聚会并留下诗篇。
1. 西安曲江池遗址公园景色(3月24日摄,无人机照片)。新华社记者 邵瑞 摄