China
တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို လွှတ်တင်
ထိုက်ယွမ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက Long March-2D သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို မတ် ၂၆ ရက်၌ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုအသစ်နှစ်စင်းကို အာကာသထဲသို့ လွှတ်တင်ခဲ့သည်။
အဆိုပါဒုံးပျံကို တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၆:၅၁ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Siwei Gaojing-2 05 နှင့် Siwei Gaojing-2 06 ဂြိုဟ်တုနှစ်စင်းကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂြိုဟ်တုလွှတ်တင်မှုမှာ Long March စီးရီးဒုံးပျံများ၏ ၆၃၄ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
China launches two new satellites
TAIYUAN, March 26 (Xinhua) — China on Thursday launched a Long March-2D carrier rocket, placing two new satellites into space.
The rocket blasted off at 6:51 a.m. (Beijing Time) from the Taiyuan Satellite Launch Center in north China’s Shanxi Province and sent the pair of satellites, Siwei Gaojing-2 05 and Siwei Gaojing-2 06, into their preset orbit.
It was the 634th flight mission of the Long March series rockets. ■
English Caption
A Long March-2D carrier rocket carrying two new satellites blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province on March 26, 2026. (Photo by Wang Yapeng/Xinhua)
