China
၂၀၂၆ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း ဘဏ္ဍာရေးပညာရှင်များဖိုရမ် ပေကျင်းမြို့တွင် ကျင်းပ
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
“ဘဏ္ဍာရေးအရင်းအမြစ်နှင့် ဉာဏ်ပညာကို ပေါင်းစည်း၍ ကမ္ဘာ့တောင်ဘက်ခြမ်းကို လင်းလက်စေခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း ဘဏ္ဍာရေးပညာရှင်များဖိုရမ်ကို မတ် ၂၅ ရက်မှ ၂၆ ရက်အထိ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက မတ် ၂၅ ရက်တွင် ကျင်းပသည့် အဓိကဖိုရမ်တွင် ဆင်ဟွာသတင်းဌာနအနေဖြင့် “တောင်ဘက်ခြမ်း၏အသံ” ကို အစဉ်အမြဲ အားထားဖော်ဆောင်လျက်ရှိရာ ကမ္ဘာ့တောင်ဘက်ခြမ်း လက်တွဲအတူ ရှေ့ဆက်တိုးတက်သည့် သက်ဝင်ထင်ရှားသော လက်တွေ့ဖော်ဆောင်မှုများကို မှတ်တမ်းတင်ခဲ့ကြောင်း၊ All-Media Communication System နှင့် ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းများဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် အားဖြည့်ပံ့ပိုးပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု စည်းစနစ်သစ် တည်ဆောက်ရေးအတွက် “ကမ္ဘာ့တောင်ဘက်ခြမ်းနည်းလမ်း” ဖြင့် ပိုမိုအကျိုးသယ်ပိုးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ပေကျင်းမြို့ ဒုတိယမြို့တော်ဝန် စွန်းဆော့က ဘဏ္ဍရေးလုပ်ငန်းသည် ပေကျင်း၏ မဏ္ဍိုင်လုပ်ငန်းများ အနက် တစ်ခုဖြစ်ကြောင်း၊ ပေကျင်းအနေဖြင့် အဆင့်မြင့်တံခါးဖွင့်လှစ်ရေးကို အစဉ်အမြဲလက်ကိုင်ထားပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို တက်ကြွစွာ တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ဆက်လက်၍ ပိုမိုကောင်းမွန်စေခြင်း၊ သိပ္ပံနည်းပညာနှင့် ဘဏ္ဍာရေးဖလှယ်မှုများကို အားဖြည့်ခြင်း၊ အစိမ်းရောင်ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍ အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို နက်ရှိုင်းစေခြင်း စသည့်နယ်ပယ်များတွင် ဆက်လက်၍ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့ဘဏ် (PBC) ၏ ဒုတိယ ဥက္ကဋ္ဌ လုလေက တရုတ်ပြည်သူ့ဘဏ်သည် ဘဏ္ဍာရေးအဖွဲ့အစည်းများ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး နိုင်ငံနှင့် ဒေသများတွင် အစိမ်းရောင် ကာဗွန်လျေ့ာနည်းရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်း၊ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း မြှင့်တင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ဘက်အသီးသီးနှင့်အတူ အစိမ်းရောင်ဘဏ္ဍာရေးကဏ္ဍ အရည်အသွေးမြင့်တိုးတက်ရေးကို အတူတကွ တွန်းအားပေးပြီး ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးများ အစိမ်းရောင်ကာဗွန်လျော့နည်းရေးကဏ္ဍသို့ စီးဆင်းစေရန် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံခြားငွေလဲလှယ်ရေး စီမံခန့်ခွဲမှုဌာန ဒုတိယ အကြီးအကဲ လီဟုန်ယန့်က ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ကုန်ထုတ်လုပ်ရေးလုပ်ငန်းအား ပြန်လည်တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ နှစ်ဖက်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးကဏ္ဍ အဆင့်မြင့်တံခါးဖွင့်လှစ်မှုမှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် အစိမ်းရောင်ကုန်ထုတ်လုပ်မှုလုပ်ငန်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ အသွင်ပြောင်းမှုအခွင့်အလမ်းကို အတူမျှဝေပြီး ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
နီကာရာဂွါနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Erwin Ramirez ၊ အဇာဘိုင်ဂျန်ဗဟိုဘဏ် အမှုဆောင်ဒါရိုက်တာ Shahin Mahmudzada တို့ကလည်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန အမှတ်တံဆိပ်လုပ်ငန်းရေးရာရုံး၊ China Economic Information Service ၊ အမျိုးသား ဘဏ္ဍာရေး သတင်းအချက်အလက် အဆောက်အဦ၊ China Securities Journal ၊ Shanghai Securities Journal ၊ Economic Information Daily ၊ China Fortune Media Group တို့မှ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)
——————
(Chinese Version)
2026全球南方金融家论坛在北京举行
新华社北京3月25日电(记者张千千、刘羽佳)以“融金聚智 点亮南方”为主题的2026全球南方金融家论坛3月25日至26日在北京举行。 新华通讯社社长傅华在25日主论坛上表示,新华社始终致力于唱响“南方声音”,记录全球南方携手共进的生动实践,愿依托全媒体传播体系和全球布局,助力南方国家金融合作持续深化,为构建全球金融治理新秩序贡献更多“南方方案”。
北京市副市长孙硕表示,金融业是北京的支柱产业之一。北京将始终坚持高水平对外开放,积极拓展全球南方金融领域的合作空间,着重从继续优化营商环境、强化科技与金融的交流、扩大绿色金融合作、深化金融高水平开放等方面持续发力。
中国人民银行副行长陆磊表示,中国人民银行鼓励支持金融机构在“一带一路”共建国家和地区开展绿色低碳投资,提升绿色产业发展能力,愿同各方一道,共同推动绿色金融高质量发展,引导全球资本流向绿色低碳领域。
国家外汇管理局副局长李红燕表示,全球绿色产业的重构是中国与全球南方国家的双赢合作机会。中国通过金融高水平开放,深化与全球南方国家的绿色产业协作,共享转型机遇,为实现全球可持续发展贡献力量。
尼加拉瓜发展、工业和贸易部部长埃尔文·拉米雷斯,阿塞拜疆央行执行董事沙欣·马赫穆德扎德出席并致辞。
本届论坛由新华社品牌工作办公室、中国经济信息社、国家金融信息大厦、中国证券报社、上海证券报社、经济参考报社、中国财富传媒集团联合主办。(完)
1. 3月25日,新华通讯社社长傅华出席主论坛并讲话。 以“融金聚智 点亮南方”为主题的2026全球南方金融家论坛3月25日至26日在北京举行。 新华社记者 丁海涛 摄
