Connect with us

Europe

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်၏ အရေးပါမှုက တစ်နေ့တခြား သိသာထင်ရှားလာဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆို

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့ရှိ အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နိုင်ငံတကာအစည်းအဝေးစင်တာတွင် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး အမှတ်တံဆိပ်အား ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စတော့ခ် (ရုရှား)၊ မတ် ၂၇ ရက် (ဆင်ဟွာ)

လက်ရှိစိန်ခေါ်မှုများ ပြည့်နှက်နေသည့် ပထဝီနိုင်ငံရေးပတ်ဝန်းကျင်တွင် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ၏ အရေးပါမှုသည် တစ်နေ့တခြား သိသာထင်ရှားလာသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က မတ် ၂၅ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် စသည့် တွေ့ဆုံဆွေးနွေးမှုယန္တရားများသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအား အထောက်အကူပြု၍ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သည့် အသေးစိတ်ဦးတည်ချက်အား အတည်ပြုလိုက်ကြောင်း၊ ယခုအကြိမ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်သည် လက်ရှိကမ္ဘာ့စီးပွားရေးအလားအလာနှင့် သက်ဆိုင်သည့် အ‌ကြောင်းအရာများဖြစ်သော ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု စီမံခန့်ခွဲမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေလွယ်ကူရေး၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ e-commerce စသည်တို့ကို အာရုံစိုက်ထားကြောင်း၊ အဆိုပါ အကြောင်းအရာများသည် ရုရှားဘက်အတွက်လည်း များစွာအရေးကြီးကြောင်း Maria Zakharova က ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် အာရှပစိဖိတ်ဒေသနိုင်ငံအသီးသီးနှင့်အတူ ထဲထဲဝင်ဝင်ဖြစ်သော၊ စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား ဖော်ဆောင်သွားလိုကြောင်း Maria Zakharova က ပြောကြားခဲ့သည်။ ကျင်းပနေဆဲဖြစ်သည့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ပါစေကြောင်း ၎င်းက ဆုမွန်ကောင်းတောင်းလျက် ရုရှားနှင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်၏ ဆက်သွယ်မှုကို တစ်ဆင့်တိုး တိုးချဲ့ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။
“ဘုံအနာဂတ်ဖန်တီးခြင်း – အခြေအနေအသစ်၊ အခွင့်အလမ်းအသစ်၊ ပူးပေါင်းဆောင်ရွက်မှုအသစ်” ဟူသော ခေါင်းစဉ်ဖြင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို မတ် ၂၄ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
俄外交部发言人:博鳌亚洲论坛的重要性日益凸显
新华社符拉迪沃斯托克3月26日电(记者孙萍)俄罗斯外交部发言人扎哈罗娃25日在例行记者会上表示,在当今充满挑战的地缘政治环境下,博鳌亚洲论坛的重要性日益凸显。
扎哈罗娃说,博鳌亚洲论坛等对话机制有助于深化区域合作并明确加强经贸合作的具体方向。本届博鳌亚洲论坛聚焦当前全球经济趋势相关议题,如数字经济、人工智能治理、贸易和投资便利化、跨境支付、电子商务等,这些议题对俄方也至关重要。
扎哈罗娃表示,俄方愿与亚太地区各国发展深入、可持续的经济合作。她祝愿正在举行的博鳌亚洲论坛年会取得圆满成功,希望俄方与博鳌亚洲论坛的联系得到进一步拓展。
以“塑造共同未来:新形势、新机遇、新合作”为主题的博鳌亚洲论坛2026年年会24日拉开帷幕。(完)
图说:这是3月23日拍摄的博鳌亚洲论坛国际会议中心的论坛年会标识。新华社记者 杨冠宇 摄