Latin America
တရုတ်နိုင်ငံအား ဘရာဇီးနိုင်ငံ၏ “အကောင်းဆုံးမိတ်ဖက်” အဖြစ် လူလာ ရှုမြင်
ဘရာဆီးလီးယား၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အနာပိုလစ်စ်မြို့တွင် မတ် ၂၆ ရက်က ဘရာဇီးနှင့် တရုတ်ကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မော်တော်ကားစက်ရုံ ပြန်လည်ဖွင့်လှစ်သော အခမ်းအနား၌ ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗားက တရုတ်နိုင်ငံမှာ ဘရာဇီးနိုင်ငံ၏ “အကောင်းဆုံးမိတ်ဖက်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီး CAOA ၏ စက်မှုဇုန်၌ အမှာစကားပြောကြားရာတွင် လူလာက တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ “အကောင်းဆုံးမိတ်ဖက်” ဖြစ်သည့်အားလျော်စွာ ဘရာဇီး-တရုတ် မိတ်ဖက်ဆက်ဆံရေးသည်လည်း ဆက်လက်၍ ခိုင်မာတိုးတက်နေမည်ဟု ယုံကြည်ကြောင်း လူလာက ဆိုသည်။
အဆိုပါ အခမ်းအနား၌ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ Changan နှင့် အကျိုးတူပူးပေါင်း၍ ထုတ်လုပ်သည့် Uni-T မော်ဒယ်အမျိုးအစား မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် အလုပ်ရုံကို စတင်ဖွင့်လှစ်ခဲ့သည်။ လူလာက ဘရာဇီးနိုင်ငံသို့ တရုတ်နည်းပညာများ ယူဆောင်လာသည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ချီးကျူးပြောဆိုခဲ့ကာ ယင်း၌ ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု ပမာဏမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၈ ဘီလီယံခန့် ရှိခဲ့သည်ဟု တရုတ်နိုင်ငံ၏ တရားဝင်အချက်အလက်များတွင် ဖော်ပြထားရာ တရုတ်နိုင်ငံအား ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်အဖြစ် ထပ်လောင်းအတည်ပြုနေခြင်းလည်းဖြစ်သည်။
ဘရာဇီးနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၃၃ ခုနှစ်အရောက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ရီရဲစ် ၁၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံခန့်) ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း လူလာက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
Lula deems China Brazil’s “best partner”
BRASILIA, March 26 (Xinhua) — Brazilian President Luiz Inacio Lula da Silva called China Brazil’s “best partner” on Thursday at the reopening of an automotive plant marking collaboration between Brazilian and Chinese companies in Brazil’s Anapolis.
Speaking at the industrial park of Brazil’s CAOA automotive conglomerate, Lula expressed confidence that Brazil’s partnership with China will go from strength to strength, because China is Brazil’s “best partner.”
During the event, the production line for the Uni-T model, manufactured in partnership with Chinese automaker Changan, was launched. Lula praised the collaboration for bringing Chinese technology to Brazil and thanked the entrepreneurs involved.
Chinese official data shows that two-way trade between Brazil and China reached roughly 188 billion U.S. dollars in 2024, reaffirming China as Brazil’s largest trading partner.
Lula added that Brazil’s automotive sector is expected to receive 190 billion reals (about 36 billion U.S. dollars) in investments by 2033.
English Caption
Chinese President Xi Jinping holds talks with Brazilian President Luiz Inacio Lula da Silva, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, May 13, 2025. (Xinhua/Huang Jingwen)
