Connect with us

China

တရုတ်နိုင်ငံက ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ရေးအတွက် အမှားများကို ပြန်လည်ပြင်ဆင်ရန် ဂျပန်နိုင်ငံအား တိုက်တွန်း

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့တွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)
နှစ်နိုင်ငံအကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းခင်းပေးရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏အမှားများကို ပြန်လည်သုံးသပ်၍ ပြန်လည်ပြင်ဆင်ရန် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ် ၂၇ ရက်၌ တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်ရေးမူဝါဒကို ဆက်လက်လိုက်နာဆောင်ရွက်လျက်ရှိပြီး ဈေးကွက်ကိုဦးတည်၍ ဥပဒေကိုအခြေခံသော နိုင်ငံတကာအဆင့်မီ ပထမတန်းစား စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အလေးပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် လည်ပတ်နေသော ဂျပန်လုပ်ငန်းများမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော စီးပွားရေးအခြေအနေများကို တင်ပြကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်အပေါ် ကျေနပ်မှုမြင့်မားရှိ ကြကာ တရုတ်ဈေးကွက်တွင် ၎င်းတို့၏တည်ရှိမှုကို ဆက်လက်နက်ရှိုင်းစေရန် စီစဉ်ထားကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံရှိ ဂျပန်ကုန်သည်ကြီးများအသင်းမှ ယခုနောက်ဆုံးထုတ်ပြန်ခဲ့သည့် စစ်တမ်းကို ကိုးကား၍ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တည်ငြိမ်ပြီး ကောင်းမွန်သော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးက နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများကို ဆောင်ရွက်ပေးသည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China urges Japan to correct mistakes to enable normal economic, trade cooperation
BEIJING, March 26 (Xinhua) — China’s Ministry of Commerce on Thursday urged Japan to reflect on and correct its mistakes to pave the way for normal economic and trade cooperation between the two countries.
Speaking at a regular press briefing, ministry spokesperson He Yongqian emphasized that China remains committed to high-standard opening up and is dedicated to building a market-oriented, law-based, and internationalized first-class business environment.
The spokesperson cited the latest survey by the Japanese Chamber of Commerce and Industry in China, which shows that Japanese enterprises operating in China generally report sound business conditions, maintain high satisfaction with China’s business environment, and plan to continue deepening their presence in the Chinese market.
The spokesperson said that stable and healthy economic and trade relations between China and Japan serve the shared interests of both peoples. ■
English Caption
Chinese President Xi Jinping meets with Japanese Prime Minister Sanae Takaichi on the sidelines of the 32nd Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting in Gyeongju, South Korea, Oct. 31, 2025. (Xinhua/Ding Lin)