Connect with us

China

ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး အန်နီတာ အနန်းဒ် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး အန်နီတာ အနန်းဒ်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မတ် ၂၆ ရက်တွင် ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံခြားရေးဝန်ကြီး အန်နီတာ အနန်းဒ်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာတွင် အန်နီတာ အနန်းဒ်က အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် ကနေဒါ၏ ရပ်တည်ချက်ကို မိတ်ဆက်ပြောကြားခဲ့ပြီး ကနေဒါအနေဖြင့် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား ကာကွယ်ရန်၊ အခြေအနေ အရှိန်ပြေလျော့လာမှုကို တွန်းအားပေးရန်၊ ပဋိပက္ခပြင်ပသို့ယိုလျှံမှုအား ရှောင်ကြဉ်ရန်၊ ကမ္ဘာ့စီးပွားရေးနှင့် ထုတ်လုပ်ရေး၊ ထောက်ပံ့ရေးကွင်းဆက်အပေါ် သက်ရောက်မှုကိုလျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အီရန်နျူကလီးယားအရေးသည် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်နှင့် သက်ဆိုင်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား၌ ဘေးကင်းစွာဖြတ်သန်းသွားလာမှုကို အာမခံပေးခြင်းသည် ဘက်အသီးသီး၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ကနေဒါဘက်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စစ်ပွဲရပ်တန့်ရန် ဖျောင်းဖျ၍ ဒေသတွင်း၌ ငြိမ်းချမ်းတည်ငြိမ်မှုဖော်ဆောင်ရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်ဘက်အခြေခံမူနှင့် ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့ရာ အီရန်နျူကလီးယားအရေးကို တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ပြီး လက်နက်အင်အားအသုံးပြုသည့် အကြောင်းပြချက် မဖြစ်သင့်ကြောင်း၊ လက်နက်အင်အား အလွဲသုံးခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကိုသာ သယ်ဆောင်လာမည်ဖြစ်ကြောင်း၊ စစ်ပွဲပြင်ပသို့ယိုလျှံခြင်းသည် ဒေသတွင်းလုံခြုံတည်ငြိမ်မှုကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း၊ အမေရိကန်နှင့် အီရန်တို့က ဆွေးနွေးညှိနှိုင်းမှုပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရေးစားပွဲသို့ နှစ်ဖက် ပြန်လည်သွားရောက်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ထိရောက်မှုရှိသော လမ်းကြောင်း ရှာဖွေရန် တိုက်တွန်းအားပေးသင့်ကြောင်း၊ တရုတ်နှင့် ကနေဒါတို့က ယင်းအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ အတူတကွပါဝင်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်ကလည်း တရုတ်-ကနေဒါ ဆက်ဆံရေးနှင့် စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်း ဖလှယ်ခဲ့ရာ တက်ကြွသော၊ လက်တွေ့ကျသော သဘောထားဖြင့် ဝန်ကြီးချုပ် မာ့ခ်ကာနီ၏ တရုတ်နိုင်ငံခရီးစဉ်ရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ အလွှာအသီးသီး တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်စတင်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ တရုတ်-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အသွင်သစ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်မှုကို တွန်းအားပေးရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တစ်ပြေးညီယူဆကြသည်။ (Xinhua)

——————
(Chinese Version)
王毅同加拿大外长阿南德通电话
新华社北京3月26日电 中共中央政治局委员、外交部长王毅26日应约同加拿大外长阿南德通电话。
阿南德介绍了加方对中东局势的立场,表示加方致力于在冲突中保护平民,推动局势降温,避免冲突外溢,减少对全球经济和产供链的影响。伊朗核问题事关国际核不扩散体系,确保霍尔木兹海峡安全通航符合各方共同利益。加方愿同中方一道劝和止战,推动地区实现和平稳定。
王毅阐述了中方原则立场,表示伊朗核问题应该通过对话解决,不应成为动武的理由。滥用武力只会带来严重后遗症,战事外溢威胁地区安全稳定。美国和伊朗都有重启谈判的意愿,国际社会应鼓励双方重回谈判桌,寻求政治解决的有效途径。中加可为此共同发挥建设性作用。
双方还就中加关系交换意见,一致认为要以积极、务实态度落实好卡尼总理访华成果,重启各层级对话,拓展互利合作,推动中加新型战略伙伴关系稳定健康发展。(完)
图说:1月15日,中共中央政治局委员、外交部长王毅在北京会见加拿大外长阿南德。 新华社记者 李鑫 摄