China
တရုတ်နိုင်ငံ ထိပ်တန်း ဥပဒေပြုပုဂ္ဂိုလ်က စင်ကာပူ ဝန်ကြီးချုပ်၊ သီရိလင်္ကာ လွှတ်တော်ဥက္ကဋ္ဌအား သီးခြားစီ လက်ခံတွေ့ဆုံ
ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိသည် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် တက်ရောက်ရန် ရောက်ရှိနေသည့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်၊ သီရိလင်္ကာနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Jagath Wickramaratne တို့အား မတ် ၂၆ ရက်က သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဝမ်က စင်ကာပူဝန်ကြီးချုပ် ဝေါင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ် ခိုင်မာအားကောင်းရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံမှု၊ ဥပဒေပြုရေး စသည်တို့၌ အဆင့်မြင့်အလွှာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ပူးတွဲထိန်းသိမ်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၌ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးကို အကျိုးပြုနိုင်ရေးအတွက် အတူတကွ ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စင်ကာပူဝန်ကြီးချုပ် ဝေါင်က တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် စင်ကာပူနိုင်ငံ၏ ကတိကဝတ်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အပေါ် ဆန့်ကျင်သည့် ၎င်းတို့၏ရပ်တည်ချက်တို့အား ထပ်လောင်းပြောကြားခဲ့ပြီး စီးပွားရေး၊ လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း တိုးတက်ရေး၊ ထွန်းသစ်စကဏ္ဍများ၊ ဥပဒေပြုရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု အပါအဝင် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားလိုကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Wickramaratne နှင့် တွေ့ဆုံစဉ် ကျောက်က တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အား သီရိလင်္ကာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် ချိတ်ဆက်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Wickramaratne က တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံ၏ အခိုင်အမာ လိုက်နာစောင့်ထိန်းမှုကို အလေးထားပြောပြခဲ့သလို တရုတ်နိုင်ငံ၏ ကာလရှည်ပံ့ပိုးကူညီမှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ သီရိလင်္ကာနိုင်ငံ၏ လွှတ်တော်အနေဖြင့် NPC နှင့်အတူ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် တက်ရောက်ရန် ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Jagath Wickramaratne အား ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China’s top legislator meets Singaporean PM, Sri Lankan parliament speaker
BOAO, Hainan, March 27 (Xinhua) — China’s top legislator Zhao Leji met separately on Thursday with Singaporean Prime Minister Lawrence Wong and Sri Lankan Parliament Speaker Jagath Wickramaratne, who were in Boao, south China’s Hainan Province, to attend the Boao Forum for Asia Annual Conference 2026.
When meeting with Wong, Zhao, chairman of the National People’s Congress (NPC) Standing Committee, said China is ready to work with Singapore to strengthen the political foundation of bilateral relations, deepen high-level cooperation in economy, trade, technology, people-to-people exchanges and legislation, jointly uphold international fairness and justice, and contribute to peace and prosperity in the region and the world.
Wong reaffirmed Singapore’s commitment to the one-China policy and its opposition to “Taiwan independence,” and expressed willingness to expand cooperation in areas including the economy, free trade port development, emerging sectors, legislation and people-to-people exchanges.
When meeting with Wickramaratne, Zhao said China is willing to align its 15th Five-Year Plan (2026-2030) with Sri Lanka’s development strategies and deepen Belt and Road cooperation.
Wickramaratne stressed Sri Lanka’s firm adherence to the one-China policy and expressed gratitude for China’s long-term support, adding that Sri Lanka’s parliament looks forward to enhancing exchanges with the NPC to advance bilateral friendship and cooperation.
Photo 1: Zhao Leji, chairman of the National People’s Congress Standing Committee, meets with Singaporean Prime Minister Lawrence Wong, who is in China for the Boao Forum for Asia Annual Conference 2026, in Boao, south China’s Hainan Province, March 26, 2026. (Xinhua/Shen Hong)
Photo 2: Zhao Leji, chairman of the National People’s Congress Standing Committee, meets with Sri Lankan Parliament Speaker Jagath Wickramaratne, who is in China for the Boao Forum for Asia Annual Conference 2026, in Boao, south China’s Hainan Province, March 26, 2026. (Xinhua/Li Tao)
