China
ကျောက်လဲ့ကျိနှင့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ဘိုးအောက် (ဟိုင်နန်)၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် မတ် ၂၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့သို့လာရောက်၍ အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး တက်ရောက်သည့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကျောက်လဲ့ကျိက လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုလုပ်ငန်းတွင် ကာလကြာရှည်စွာ တက်တက်ကြွကြွ ပါဝင်၍ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အား ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးယန္တရားအား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန်၊ တံခါးဖွင့်လှစ်သော၊ အားလုံးပါဝင်သော၊ ခွဲခြားဆက်ဆံခြင်းမရှိသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်အား ဖန်တီးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံစီးပွားရေးသည် အခြေခံတည်ငြိမ်၍ အားသာချက်များပြားကာ ကြံ့ကြံ့ခံနိုင်ရည်အားကောင်းပြီး အလားအလာကြီးမားသဖြင့် ရေရှည်တိုးတက်ကောင်းမွန်မှုအတွက် ပံ့ပိုးပေးသည့် အခြေအနေနှင့် အခြေခံအလားအလာသည် ပြောင်းလဲမှုမရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရေရှည်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အားကောင်းသော တွန်းအား ဆက်လက်ပံ့ပိုးပေးရန် ယုံကြည်ချက်ရှိသလို စွမ်းရည်လည်းရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်ပသို့တံခါးဖွင့်လှစ်သည့် အခြေခံ နိုင်ငံတော်မူဝါဒကို အစဉ်အမြဲလက်ကိုင်ထားပြီး နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံကာ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူမျှဝေရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုပ်ငန်းရှင်များက စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ယုံကြည်ချက်နှင့် မျှော်လင့်ချက် အပြည့်အဝရှိကြောင်း၊ တရုတ်နိုင်ငံဈေးကွက်တွင် ဆက်လက်ထဲထဲဝင်ဝင် လုပ်ဆောင်ပြီး ဘုံအကျိုးစီးပွား ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ မုဟုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
博鳌亚洲论坛|赵乐际同中外企业家代表座谈
新华社海南博鳌3月27日电(记者曹嘉玥、刘博)全国人大常委会委员长赵乐际26日下午在海南博鳌同出席博鳌亚洲论坛2026年年会的中外企业家代表座谈。
赵乐际感谢各位企业家长期积极支持和参与中国改革开放事业。他指出,中国愿同各国一道,坚定维护以世贸组织为核心的多边贸易体制,营造开放、包容、非歧视的国际合作环境。中国经济基础稳、优势多、韧性强、潜能大,长期向好的支撑条件和基本趋势没有变。中国有信心、有能力实现长期稳定发展,继续为世界经济增长提供强劲动力。中国始终坚持对外开放的基本国策,欢迎各国企业继续投资中国,共享中国高质量发展机遇。
企业家们表示支持经济全球化,对中国发展前景充满信心和期待,愿继续深耕中国市场,实现共赢发展。
全国政协副主席穆虹参加座谈。(完)
图说:3月26日下午,全国人大常委会委员长赵乐际在海南博鳌同出席博鳌亚洲论坛2026年年会的中外企业家代表座谈。 新华社记者 申宏 摄
