China
၂၅ နှစ်အကြာတွင် ဘိုးအောက်ဖိုရမ်က ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုနှင့် မရေရာမှုများကြား စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေး
ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
စိုထိုင်းသော နွေဦးလေပြည်သည် တောင်တရုတ်ပင်လယ်ဆီမှ တသုန်သုန်တိုက်ခတ်လျက်ရှိစဉ် တရုတ်နိုင်ငံ၏ အပူပိုင်းဒေသ ဟိုင်နန်ကျွန်းရှိ ဆိတ်ငြိမ်အေးချမ်းသော ဘိုးအောက်မြို့လေးသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို တစ်ဖန်ပြန်၍ ဆွဲဆောင်လျက်ရှိသည်။
၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်အား “အားအင်သစ်များ၊ အခွင့်အလမ်းသစ်များ၊ ပူးပေါင်းဆောင်ရွက်မှုသစ်များနှင့် ဘုံတူညီသော အနာဂတ်ကို ပုံဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဘိုးအောက်မြို့တွင် ကျင်းပခဲ့သည်။
ကမ္ဘာကြီးသည် ပထဝီနိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လာမှု၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခေါင်းထောင်လာမှုတို့နှင့် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာတစ်ဝန်းမှ မူဝါဒရေးဆွဲချမှတ်သူများ၊ စီးပွားရေးခေါင်းဆောင်များနှင့် ပညာရှင်များအနေဖြင့် မရေရာမှုများ မြင့်တက်လာသည့် ကာလ၌ “ဘိုးအောက် အသံများ” က ရှင်းလင်းပြတ်သားမှု၊ ယုံကြည်မှုနှင့် အများသဘောဆန္ဒတို့ကို ထင်ဟပ်စေမည်ဟူသော တူညီသည့် မျှော်လင့်ချက်ကိုယ်စီဖြင့် အဆိုပါ အပန်းဖြေမြို့သို့ စုဝေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်သည် BFA ၂၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်သည်ဟု တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက မတ် ၂၆ ရက် မျက်နှာစုံညီအစည်းအဝေး၌ ပြောကြားခဲ့ကာ အဆိုပါ ဖိုရမ်သည် အာရှနိုင်ငံများနှင့် အခြားသော ကမ္ဘာ့နိုင်ငံများအကြား ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် ဂုဏ်သိက္ခာကြီးမားသော ပလက်ဖောင်းတစ်ခု ဖြစ်လာသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
လူသားမျိုးနွယ်တို့အနေဖြင့် စုစည်းညီညွတ်စွာဖြင့် အတူတကွ ကြိုးပမ်းအားထုတ်မှသာလျှင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကိုလည်း ဖန်တီးနိုင်မည်ဟု ကျောက်က ပြောကြားခဲ့သည်။
ယခုနှစ် ဘိုးအောက်ဖိုရမ်မှာ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ထက် သာလွန်သည်ဟု ဖိုရမ်တက်ရောက်လာသူများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။ ယင်းဖိုရမ်သည် အာရှ၏ ယုံကြည်မှုကို တိုင်းတာသည့် စံပေတံတစ်ခုမျှသာမက ပိုမိုလွှမ်းခြုံပါဝင်မှုရှိကာ ဟန်ချက်ညီသော ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုပုံစံအတွက် စိတ်ကူးစိတ်သန်းများကို မှတ်ကျောက်တင်သည့် နေရာတစ်ခုလည်း ဖြစ်လာခဲ့ရာ မတည်ငြိမ်သော ကာလ၌ပင်လျှင် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် လုပ်ဆောင်နေဆဲဖြစ်သည်ကို ညွှန်ပြလျက်ရှိသည်။
၂၅ နှစ်တိုင်တိုင် တည်တံ့ခဲ့သည့် ကတိကဝတ်
၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်အား ယခုနှစ် နှစ်ပတ်လည် ကွန်ဖရင့်၌ ငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ရာ ယင်း၏ အမှတ်သညာ ဩဇာသက်ရောက်မှုကိုသာမက အာရှဒေသ၏ အသွင်ပြောင်းလဲမှု အတိုင်းအတာကိုပါ မီးမောင်းထိုးပြလျက်ရှိသည်။
ဝမ့်ချွမ်မြစ်ဝ၌ တည်ရှိသော တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် တံငါရွာလေးမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကမ္ဘာကြီး၏ အာရုံစိုက်မှုကို လွှမ်းမိုးထားနိုင်မည်ကိုလည်းကောင်း၊ ၎င်းတို့ ငါးခြောက်လှန်းသည့် ခြံဝင်းများဆီမှ တိုက်ကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် အဓိက ပလက်ဖောင်းတစ်ခု ပေါ်ထွန်းလာမည်ကိုလည်းကောင်း လွန်ခဲ့သော ၂၅ နှစ်အတွင်းက ကြိုတင်မှန်းဆနိုင်သူ အနည်းအကျဉ်းသာ ရှိခဲ့လိမ့်မည်ဖြစ်သည်။
သို့ရာတွင် ဘိုးအောက်မြို့သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း အာရှဒေသ၏ တိုးတက်ဖြစ်ထွန်းမှုနှင့်အတူ နီးနီးကပ်ကပ် ယှဉ်တွဲနေသည့် ပလက်ဖောင်းတစ်ခုအဖြစ် စည်ပင်ဖွံ့ဖြိုးလာခဲ့ရာ အာရှဒေသ အသွင်ပြောင်းလဲမှုတွင် မျက်မြင်ကြုံတွေ့သူအဖြစ်သာမက ကိုယ်တိုင်ပါဝင်သူအဖြစ်ပါ အကျိုးပြုခဲ့သည်။
အဆိုပါ ဖိုရမ်အား စတင်တည်ထောင်ခဲ့ချိန်က တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏမှာ ယွမ် ၉.၅၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၈ ထရီလီယံခန့်) ရှိခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခါစ အခြေအနေ၌သာ ရှိနေခဲ့သည်။ သို့သော် မျက်မှောက်ခေတ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏမှာ ယွမ် ၁၄၀ ထရီလီယံကို ကျော်လွန်သွားပြီဖြစ်သလို တရုတ်နိုင်ငံသည်လည်း ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုနှင့် ကုန်သွယ်ရေးဖြေလျှော့မှုကို ရှေ့ဆုံးမှ ထောက်ခံအားပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။
အာရှဒေသသည် တူညီသောလမ်းကြောင်းအတိုင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လျှောက်လှမ်းခဲ့ကာ လျင်မြန်သည့်အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသည့် နောက်မှရောက်လာသူအဖြစ်မှ နယ်ပယ်အများအပြားတွင် အရှိန်အဟုန် ထိန်းညှိပေးသူအဖြစ် အသွင်ပြောင်းလဲလာခဲ့ကာ အာရှဒေသကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်သူအဖြစ်မှ ယင်းတိုးတက်မှု၏ အခရာကျသော ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲပေးလျက်ရှိသည်။
ယနေ့ခေတ်တွင် အာရှဒေသသည် ကမ္ဘာ့လူဦးရေအများဆုံး မှီတင်းနေထိုင်ရာ နေရာဖြစ်သလို ကမ္ဘာ့ဂျီဒီပီ ပမာဏ၏ ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးကာ ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုနှင့် လွတ်လပ်စွာ ကုန်သွယ်မှုတို့၏ အဓိက မှီခိုအားထားရာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260327/25baa298d30840bcb3aae105599a6a33/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့ရှိ ဘိုးအောက်ကာဗွန်ကင်းစင် သရုပ်ပြဇုန်အပြင်ဘက်မှ ဆိုလာကြမ်းခင်းကြွေပြားများကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
25 years on, Boao forum provides reassuring voice amid global instability, uncertainty
BOAO, Hainan, March 26 (Xinhua) — As the humid spring breeze drifts in from the South China Sea, Boao, a tranquil town on China’s tropical island of Hainan, once again draws global attention.
The 2026 annual conference of the Boao Forum for Asia (BFA) is being held here from March 24 to 27 under the theme “Shaping a Shared Future: New Dynamics, New Opportunities, New Cooperation.”
As the world faces increasing geopolitical tensions and rising protectionism, policymakers, business leaders and scholars from across the globe have gathered at the resort town with a shared expectation that “Boao voices” can offer clarity, confidence and consensus at a time of mounting uncertainty.
This year marks the 25th anniversary of the BFA. Zhao Leji, chairman of the National People’s Congress Standing Committee, said at Thursday’s plenary that the forum has become a prestigious platform for promoting exchanges, collaboration and common development among Asian nations and the wider world.
Only by working together in solidarity can humanity address global risks and challenges and create a better future, Zhao said.
This year, participants have widely viewed Boao as more than an annual gathering. It has become a barometer of Asia’s confidence and a venue where ideas for a more inclusive and balanced form of globalization are tested, an indication that even in turbulent times, dialogue and cooperation remain within reach.
A QUARTER-CENTURY LONG COMMITMENT
Founded in 2001, the BFA is celebrating its silver jubilee at this year’s annual conference, underscoring both its symbolic weight and the scale of Asia’s transformation.
Over a quarter century ago, few in this once-quiet fishing village at the mouth of the Wanquan River would have imagined it could command the world’s attention one day, nor could they foresee a key platform promoting the development of the whole continent rising from their flake yard.
Yet over the past 25 years, Boao has grown into a platform closely intertwined with Asia’s rise, serving as both a witness to and participant in the region’s transformation.
When the forum was founded, China’s GDP stood at roughly 9.59 trillion yuan (about 1.38 trillion U.S. dollars) and was just a newcomer to the World Trade Organization. Today, the figure has surpassed 140 trillion, with China emerging as a leading advocate of globalization and trade liberalization.
The broader region has followed a similar trajectory, transforming from a fast-moving latecomer into a pace-setter in many fields and turning Asia from a participant in global development into one of its central hubs.
Today, Asia is home to the world’s largest population, generates roughly half of global GDP, and serves as a key anchor for globalization and free trade.
https://english.news.cn/20260327/25baa298d30840bcb3aae105599a6a33/c.html
English Caption 1
A plenary of the Boao Forum for Asia (BFA) Annual Conference 2026 is held in Boao, south China’s Hainan Province, March 26, 2026. (Xinhua/Wang Yiliang)
English Caption 2
This photo taken on March 23, 2026 shows the outdoor photovoltaic floor tiles in the Boao zero-carbon demonstration zone in Boao, south China’s Hainan Province. (Xinhua/Yang Guanyu)
