Connect with us

China

အိမ်မွေးတိရစ္ဆာန်စီးပွားရေးဖြင့် စိတ်အာဟာရ စားသုံးမှုအသွင်သစ် ပေါ်ထွန်းလာ

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အနောက်ပိုင်း အိမ်မွေးတိရစ္ဆာန်ပြပွဲ လန်ကျိုးပြပွဲ၌ အိမ်မွေးတိရစ္ဆာန်ကြောင်လေး ဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ မတ် ၂၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အနောက်ပိုင်း အိမ်မွေးတိရစ္ဆာန်ပြပွဲ လန်ကျိုးပြပွဲကို တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ရှိ ကန်းစု နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ မတ် ၂၇ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် အိမ်မွေးတိရစ္ဆာန်ပြပွဲကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်လုပ်ငန်း ပါဝင်ပြသသူပေါင်း ၁၀၀ နီးပါးက ချစ်စဖွယ်အိမ်မွေးတိရစ္ဆာန်အမျိုးမျိုးနှင့် အိမ်မွေးတိရစ္ဆာန်စားသောက်ကုန်၊ အိမ်မွေးတိရစ္ဆာန်သုံး ဉာဏ်ရည်ထည့်သွင်းထားသော ထုတ်ကုန်၊ အိမ်မွေးတိရစ္ဆာန် ကျန်းမာရေးထိန်းသိမ်းမှု၊ အိမ်မွေးတိရစ္ဆာန် အလှဝတ်စုံ၊ အိမ်မွေးတိရစ္ဆာန် အလှဓာတ်ပုံရိုက်ကူးမှု စသည်တို့ကို ပြသသွားရန် ဆွဲဆောင်ခဲ့သည်။
ပြပွဲကာလအတွင်း ချစ်စဖွယ်အိမ်မွေးတိရစ္ဆာန်အားကစားပြိုင်ပွဲ၊ အိမ်မွေးတိရစ္ဆာန် ဖက်ရှင်ရှိုးပွဲ၊ အိမ်မွေးတိရစ္ဆာန်များ ခေါ်ယူမွေးစားမှု၊ ထူးခြားဆန်းပြားအိမ်မွေးတိရစ္ဆာန်များအကြောင်း အသိပညာပေး ဟောပြောပွဲ စသည့် လှုပ်ရှားမှုများလည်း ကျင်းပသွားမည်ဖြစ်ရာ အိမ်မွေးတိရစ္ဆာန် ချစ်မြတ်နိုးသူများအတွက် နွေးထွေးမှုအပြည့်ရှိသော စိတ်အာဟာရစားသုံးမှုကို သယ်ဆောင်လာပေးမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့တွင်ကျင်းပသော ၂၀၂၆ ခုနှစ် အနောက်ပိုင်း အိမ်မွေးတိရစ္ဆာန်ပြပွဲ လန်ကျိုးပြပွဲ၌ အိမ်မွေးခွေးလေးများကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့တွင်ကျင်းပသော ၂၀၂၆ ခုနှစ် အနောက်ပိုင်း အိမ်မွေးတိရစ္ဆာန်ပြပွဲ လန်ကျိုးပြပွဲ၌ ကလေးငယ်နှင့် ခွေးလေးကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
宠物经济撬动情感消费新场景
新华社照片,兰州,2026年3月27日
3月27日,2026西部宠物展兰州展在甘肃国际会展中心开幕。本次宠物展为期3天,吸引了近百家宠物行业展商现场展示各类萌宠以及宠物食品、宠物智能用品、宠物医疗保健、宠物服饰、宠物摄影等。展会期间还推出萌宠运动会、宠物时尚秀、宠物领养、异宠科普讲座等活动,为爱宠人士带来充满温情的情感消费体验。
1、3月27日,一只宠物猫在2026西部宠物展兰州展上玩耍。 新华社记者 陈斌 摄
2、3月27日,几只宠物犬在2026西部宠物展兰州展上。新华社记者 陈斌 摄
3、3月27日,小朋友在2026西部宠物展兰州展上与宠物犬互动。新华社记者 陈斌 摄