Connect with us

China

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သိပ္ပံစိတ်ကူးယဉ်လုပ်ငန်း၏ စုစုပေါင်းဝင်ငွေက ယွမ် ၁၂၆.၁ ဘီလီယံအထိ ရောက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ China Building Science Museum ပြတိုက်၌ ပြုလုပ်သည့် သိပ္ပံစိတ်ကူးယဉ်နောက်ခံပြု ဂြိုဟ်သိပ္ပံအတွေ့အကြုံပြပွဲသို့ လာရောက်ကြည့်ရှုသည့် မိန်းကလေးတစ်ဦးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သိပ္ပံစိတ်ကူးယဉ်လုပ်ငန်း၏ စုစုပေါင်းဝင်ငွေမှာ ယွမ် ၁၂၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၀၅ ဘီလီယံခန့်) ရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံပညာထွန်းကားရေးဆိုင်ရာ သုတေသနအင်စတီကျု (China Research Institute for Science Popularization) မှ မတ် ၂၇ ရက်၌ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ယင်းလုပ်ငန်း၏ စုစုပေါင်းဝင်ငွေမှာ သုံးနှစ်ဆက်တိုက် ယွမ် ၁၀၀ ဘီလီယံထက် ကျော်လွန်ခဲ့ပြီး ယင်းသိပ္ပံစိတ်ကူးယဉ်လုပ်ငန်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အဆင့်သစ်တစ်ခုသို့ တဖြည်းဖြည်းချင်း ဝင်ရောက်နေကြောင်း မြို့တော်ပေကျင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်သိပ္ပံစိတ်ကူးယဉ်ကွန်ဗင်းရှင်းတွင် အဆိုပါအင်စတီကျုက ကြေညာခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် သိပ္ပံစိတ်ကူးယဉ်လုပ်ငန်း၏ အဓိကကဏ္ဍငါးခုဖြစ်သည့် စာပေ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များ၊ ဗီဒီယိုဂိမ်းများ၊ ဆင့်ပွားထုတ်ကုန်များနှင့် အကြောင်းအရာနောက်ခံပြု ခရီးသွားလုပ်ငန်းတို့ကို လွှမ်းခြုံထားပြီး တရုတ်နိုင်ငံ၏ သိပ္ပံစိတ်ကူးယဉ်လုပ်ငန်း၏ နှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့် အနာဂတ်လမ်းကြောင်းများကို မီးမောင်းထိုးပြထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s sci-fi industry total revenue hits 126.1 billion yuan in 2025
BEIJING, March 27 (Xinhua) — The total revenue of China’s science fiction industry in 2025 amounted to 126.1 billion yuan (about 18.05 billion U.S. dollars), according to a report released by China Research Institute for Science Popularization on Friday.
The total revenue has exceeded the 100 billion yuan mark for three consecutive years, and the industry is steadily entering a new stage of high-quality development, said the institute at the China Science Fiction Convention 2026 in Beijing.
The report covered five core sectors of the sci-fi industry — literature, films and TV shows, video games, derivative products and themed tourism — highlighting the annual development trends and future trajectories of China’s sci-fi industry. ■
English Caption
A girl visits a science fiction-themed planetary science experience exhibition at China Building Science Museum in Wuhan, central China’s Hubei Province, July 18, 2025. (Xinhua/Xiao Yijiu)