China
ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မတ် ၂၇ ရက်တွင် ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာတွင် အီရှက်ဒါက အီရန်အခြေအနေ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ပါကစ္စတန်ဘက်၏ အမြင်များကို မိတ်ဆက်ပြောကြား၍ ပါကစ္စတန်ဘက်၏ ကြားဝင်စေ့စပ်ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ခြင်း၊ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ခြင်းသည် ဘက်အသီးသီး၏ ဘုံမျှော်မှန်းချက်ဖြစ်ကြောင်း၊ လက်ရှိသည် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်စတင်သည့် အရေးကြီးအခိုက်အတန့် ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမေရိကန်နှင့် အီရန်က ဆွေးနွေးညှိနှိုင်းရေးစားပွဲသို့ ပြန်လည်လာရောက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထိရောက်မှုရှိသောနည်းလမ်း ရှာဖွေရန် အားပေးသင့်ကြောင်း၊ ပါကစ္စတန်-တရုတ်သည် အဆိုပါအရေးကိစ္စတွင် တူညီသောရည်မှန်းချက်၊ တူညီသောရပ်တည်ချက်ရှိကြောင်း၊ ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးအတွက် ဖျောင်းဖျ၍ စစ်ပွဲရပ်တန့်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်ဘက်အခြေခံမူရပ်တည်ချက်အား ထပ်လောင်းပြောကြားခဲ့ရာ တရုတ်-ပါကစ္စတန်သည် အပြန်အလှန် ထောက်ခံအားပေးသော၊ အပြန်အလှန်ယုံကြည်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ပြီး အဆိုပါစစ်ပွဲအပေါ် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသောရပ်တည်ချက် ကိုင်ဆောင်ထားကာ ယေဘုယျအားဖြင့် သဘောထားအမြင်တူညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်က အခြေအနေ အရှိန်ပြေလျော့လာရေးအတွက် အဆက်မပြတ် မနားမနေကြိုးပမ်းမှုကို တန်ဖိုးထား ချီးကျူးပြီး ပါကစ္စတန်ဘက်က ကြားဝင်စေ့စပ်သူ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မှုကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်ခြင်းသည် လွယ်ကူသည့်ကိစ္စရပ်မဟုတ်ကြောင်း၊ သို့သော် ဆွေးနွေးမှသာ ပိုမိုများပြားသော ထိခိုက်သေဆုံးမှုနှင့် နစ်နာဆုံးရှုံးမှုများကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းသည် စစ်ပွဲပျံ့နှံ့တိုးချဲ့မှုကို ကာကွယ်တားဆီးရန် အကျိုးပြုသလို ဟော်မုဇ်ရေလက်ကြား ပုံမှန်ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖော်ဆောင်ရန်လည်း အကျိုးရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်ဘက်နှင့်အတူ မဟာဗျူဟာမြောက် ချိတ်ဆက်မှုနှင့် ညှိနှိုင်းမှုအား မြှင့်တင်ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ စစ်ပွဲရပ်တန့်ရေးအတွက် ကြိုးပမ်းသွားလိုပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုကို အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်လုံးက အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ခြင်းအား အတူတကွတွန်းအားပေးဖော်ဆောင်ရန်၊ စစ်ရေးမဟုတ်သောပစ်မှတ်နှင့် ရေကြောင်းလမ်း ဘေးကင်းလုံခြုံမှုအား အာမခံပေးရန်၊ ကုလသမဂ္ဂက အဓိကအခန်းကဏ္ဍမှ ပါဝင်မှုကို ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြသည်။
နှစ်ဖက်ကလည်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ပဋိပက္ခ စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
王毅同巴基斯坦副总理兼外长达尔通电话
新华社北京3月27日电 中共中央政治局委员、外交部长王毅27日应约同巴基斯坦副总理兼外长达尔通电话。
达尔介绍了伊朗局势最新情况及巴方看法,感谢中方支持巴方斡旋努力,表示停火止战、恢复和平是各方共同愿望。当前是重启和谈的关键时刻,国际社会应当鼓励美国和伊朗回到谈判桌,找到实现和平的有效途径。巴中在该问题上目标一致、立场相同,巴方期待同中方一道为劝和止战发挥积极作用。
王毅重申中方原则立场,表示中巴是相互支持、相互信任的战略合作伙伴,对这场战事都秉持客观公正立场,总体看法一致。中方赞赏巴方为推动局势降温不懈奔走,支持巴方继续发挥斡旋者的作用。启动和谈并非易事,但只有谈起来,才能避免更多伤亡和损失,也有利于防止战事蔓延扩大,有利于恢复霍尔木兹海峡正常通航。中方愿同巴方加强战略沟通和协调,为促和止战作出努力,共同致力于地区和平稳定。
双方同意共同推动停火止战、恢复和谈,确保非军事目标和航道安全,支持联合国发挥主要作用。
双方还就巴基斯坦与阿富汗边境冲突等交换了意见。(完)
图说:1月4日,中共中央政治局委员、外交部长王毅在北京同巴基斯坦副总理兼外长达尔举行第七次中巴外长战略对话。 新华社记者 金良快 摄
