Media
Tilt-shift မြင်ကွင်းထဲက နွေဦးကာလ ကျောက်တောမြိုင်၏ နှစ်လိုဖွယ် မြင်ကွင်းများ
ယူနန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
နွေဦးကာလ Tilt-shift မြင်ကွင်းထဲက ယူနန်ပြည်နယ်ရှိ ကျောက်တောမြိုင်သည် ကာတွန်းရုပ်ရှင်ပမာ နှစ်လိုဖွယ်ဖြစ်လှသည်။ ရှုခင်းသာနေရာအဝင်ဝတွင် လတ်ဆတ်သောပန်းများဖြင့် တန်ဆာဆင် ပုံဖော်ထားသည့် အလှမြင်းရုပ်၊ ဒေသခံတိုင်းရင်းသားများ၏ အဝတ်တန်ဆာဖြစ်သော “ဆာနီလူမျိုးတို့၏ ပန်းခေါင်းပေါင်း” စသည့် အနုပညာအဆောင်အယောင်များက ခရီးသွားဧည့်သည်များ လာရောက်ကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးရန် ဆွဲဆောင်လျက်ရှိသည်။ ကားစ်ကျောက်တောင်ထိပ်များက အစီအရီရောယှက်လျက်ရှိရာ Building Blocks လေးများပမာ စွဲမက်ဖွယ်ကောင်းလှသည်။ အဆိုပါကျောက်တောင်များကြားတွင် ဖြတ်သန်းသွားလာနေသော ခရီးသွားဧည့်သည်များက ရှုမျှော်ခင်း၏အလှကို ပို၍သက်ဝင်လှုပ်ရှားစေပေသည်။ (Xinhua)
——————-
(Chinese Version)
标题:移轴镜头里的春日石林萌趣景致
春日,移轴镜头下的云南石林萌趣如卡通动画,景区门口用鲜花搭建了骏马、当地民族特色服饰“撒尼花包头”等造型的艺术装置吸引游客拍照打卡。喀斯特石峰错落有致,小巧似积木,游人穿行其间,增添灵动生气。
