Connect with us

China

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲအခမ်းအနား ကျင်းပ

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးအား တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
လေးရက်ကြာ ကျင်းပခဲ့သည့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသည် မတ် ၂၇ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် အထွေထွေအတွင်းရေးမှူးချုပ် ကျန်းကျွင်းက ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေးတွင် အခမ်းအနားအစီအစဉ် ၅၀ ကျော် ကျင်းပခဲ့ရာ အရေးကြီးရလဒ်များကို ရရှိခဲ့သလို မျှော်မှန်းချက်များအား အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေး၏ အရေးကြီးရလဒ်အနေဖြင့် ဖိုရမ်တွင် “အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အာရှဒေသ ဘိုးအောက်ဖိုရမ် အဆိုပြုချက်” ကို ထုတ်ပြန်ခဲ့သည်။

ယင်းအဆိုပြုချက်တွင် တံခါးဖွင့်လှစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ လက်ကိုင်ထား၍ ဒေသတွင်း စီးပွားရေး တစ်သားတည်းအသွင်ပြောင်းမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့် တွန်းအားပေးရန်၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်ရှိ စွမ်းရည်ကို အားဖြည့်၍ တိုးတက်မှုစွမ်းအားသစ်များ ဖော်ထုတ်ရန်နှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ရန်၊ အစိမ်းရောင်အသွင်ပြောင်းမှုကို အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်ကာ အနာဂတ်နှင့် လူသားများအပေါ် ရင်းနှီးမြှုပ်နှံပြီး အရည်အသွေးမြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုမူဘောင်ကို ဆက်လက်ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအားကောင်းသော ယန္တရားထောက်ပံ့မှုများ ပံ့ပိုးပေးရန်၊ အပြန်အလှန်ချိတ်ဆက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းစေ၍ ထောက်ပံ့ရေးကွင်းဆက် ချောမွေ့လုံခြုံရေးကို ထိန်းသိမ်းကာ မိမိပင်ကိုယ် သေချာရေရာမှုဖြင့် ပြင်ပပတ်ဝန်းကျင်၏ မသေချာမရေရာမှုကို ကိုင်တွယ်စီမံရန် တိုက်တွန်းထားသည်။

ကျန်းကျွင်းက အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိ အာရှနှင့် ကမ္ဘာက ရင်ဆိုင်နေရသည့် ကြီးမားသော စိန်ခေါ်မှုနှင့် အရေးပေါ်ဖြစ်သော အရေးကိစ္စများကို ပေါင်းစပ်၍ နက်ရှိုင်းစွာ တွေ့ဆုံဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ နှစ်ပတ်လည်အစည်းအဝေးသည် အာရှကို ဗဟိုပြု၍ ဒေသတွင်း တစ်သားတည်း ပေါင်းစည်းမှုအဆင့်ကို မြှင့်တင်ရန် အလေးထားကာ အာရှနှင့် ကမ္ဘာကြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် တောင့်တင်းသည့်ကျားကန်အားကို တည်ဆောက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်သူများက နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို နိုင်ငံအသီးသီး အတူတကွ ရင်ဆိုင်ရာတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရန်၊ တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို ရှေ့သို့တွန်းအားပေးရန်၊ ကမ္ဘာ့စီးပွားရေးစီမံခန့်ခွဲမှုကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန် ခိုင်ခိုင်မာမာလုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် တည်ထောင်သည့် ၂၅ နှစ်ပြည့် ဖြစ်သည်။
“ဖိုရမ်က တည်ထောင်တဲ့ ၂၅ နှစ်ပြည့်ကို စမှတ်အသစ်အဖြစ် ထားရှိပြီး ဖိုရမ်တည်ထောင်တဲ့ ကနဦးရည်ရွယ်ချက်များကို အခိုင်အမာစောင့်ထိန်းသွားမှာ ဖြစ်တယ်။ အချိန်ကာလနဲ့အညီ တိုးတက်ခြင်း၊ တံခါးဖွင့်လှစ်ခြင်းနှင့် အားလုံးပါဝင်မှုကိုလက်ခံခြင်းကို အခိုင်အမာ လက်ကိုင်ထားပြီး အာရှရဲ့ထူးခြားချက်ကို ပြသသွားမှာဖြစ်သလို ကမ္ဘာ့အမြင်ကို တိုးချဲ့သွားမှာဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံအကျိုးစီးပွားကို မြှင့်တင်ကာ အာရှနဲ့ ကမ္ဘာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသောအကျိုးကို သယ်ပိုးသွားမှာဖြစ်တယ်” ဟု ကျန်းကျွင်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
博鳌亚洲论坛|博鳌亚洲论坛2026年年会闭幕
新华社海南博鳌3月27日电(记者任军、王存福)3月27日下午,为期4天的博鳌亚洲论坛2026年年会在海南博鳌落下帷幕。博鳌亚洲论坛秘书长张军表示,本次年会共举办了50多场活动,取得了重要成果,实现了预期目标。
作为本次年会的重要成果,论坛发布了《博鳌亚洲论坛关于促进亚洲区域合作的倡议》。倡议呼吁,应坚持开放发展,加快推进区域经济一体化进程;应强化数智赋能,发掘新的增长动力,增强经济韧性;应大力推动绿色转型,投资未来,投资于人,实现高质量可持续发展;应继续完善合作架构,为区域发展提供更强有力机制支撑;应进一步深化互联互通,维护供应链畅通安全,以自身的确定性应对外部环境的不确定性。
张军表示,与会代表结合当前亚洲和世界面临的重大挑战和紧迫问题进行深入对话交流。年会立足亚洲,致力于提升区域一体化水平,为促进亚洲和世界共同发展打造有力支撑。
与会人士表示,多边主义和经济全球化仍是各国共同应对全球性挑战的正确之道。要坚定推动自由贸易进程,推进开放型世界经济建设,完善全球经济治理。
今年是博鳌亚洲论坛成立25周年。“论坛将以成立25周年为新的起点,坚守创办初心,坚持与时俱进,坚持开放包容,展现亚洲特色,拓展全球视野,加强合作共赢,为亚洲和世界共同发展作出更大贡献。”张军说。(完)
1. 3月26日,博鳌亚洲论坛2026年年会全体大会在海南博鳌举行。 新华社记者 王益亮 摄