Connect with us

China

အီရန်စာသင်ကျောင်းအား အမေရိကန်နှင့် အစ္စရေး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုအပေါ် လူအခွင့်အရေးကောင်စီတွင် တရုတ်နိုင်ငံကိုယ်စားလှယ် ပြစ်တင်ရှုတ်ချ

အီရန်နိုင်ငံ တောင်ပိုင်း Minab မြို့ရှိ တိုက်ခိုက်ခံရသော မူလတန်းစာသင်ကျောင်းတွင် ကူညီကယ်ဆယ်ရေးသမားများနှင့် ဒေသခံများက အပျက်အစီးများကြားမှ ဒဏ်ရာရသူများအား ကယ်ဆယ်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အီရန်၊ တရုတ်၊ ကျူးဘား နိုင်ငံများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေး၌ အီရန်နိုင်ငံ Minab မြို့ရှိ မူလတန်းစာသင်ကျောင်း တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်းသည့် အရေးပေါ်အချေအတင်ဆွေးနွေးပွဲကို မတ် ၂၇ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ် တက်ရောက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အီရန်နိုင်ငံ Minab မြို့ရှိ မူလတန်းစာသင်ကျောင်း တိုက်ခိုက်ခံရပြီး သက်ငယ်မိန်းကလေး ၁၆၈ ဦး အသက်ဆုံးရှုံးခဲ့ရာ ယင်းရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်မှာ လူသားမျိုးနွယ်၏ကျင့်ဝတ်နှင့် အသိတရား နောက်ဆုံးစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို အကြီးမားဆုံးချိုးဖောက်ခြင်း၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ဗြောင်ကျကျ မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးအံ့အားသင့်တုန်လှုပ်မိပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ သေဆုံးသူမိသားစုဝင်များ၏ ဝမ်းနည်းကြေကွဲမှုအား ကိုယ်ချင်းစာနာမိကြောင်း ကျာကွေ့တယ်က ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် ရဲတင်းစွာ တိုက်ခိုက်ခြင်းသည် ယခုကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပွားရခြင်း၏ ဇာစ်မြစ် ဖြစ်ကြောင်း ကျာကွေ့တယ်က ထောက်ပြခဲ့သည်။ အမေရိကန်နှင့် အစ္စရေးသည် အီရန်ခေါင်းဆောင်များကို သတ်ဖြတ်ပြီး အီရန်ပြည်သူများ၏ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ရုံသာမက အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအရှိန်ကို အဆင့်မြင့်တက်စေသလို ယင်းပဋိပက္ခအတွင်းသို့ ဒေသတွင်းနိုင်ငံများကို ဆွဲသွင်းခဲ့ကြောင်း၊ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုသည် လေးစားမှုအပြည့်အဝ ရရှိသင့်ကြောင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ အရပ်သားနှင့် စစ်ဘက်ဆိုင်ရာ မဟုတ်သည့်ပစ်မှတ်များကို ခွဲခြားမှုမရှိ တိုက်ခိုက်ခြင်း မှန်သမျှကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရေးကြီး ပြဿနာရပ်အားလုံးကို လက်နက်အင်အားသုံးခြင်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် ငြိမ်းချမ်းရေးအခွင့်အလမ်းနှင့် ပြတင်းပေါက်မှန်သမျှကို အမိအရဆုပ်ကိုင်ကာ စစ်မှန်သည့်ရိုးသားမှုရှိသော သဘောထားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ် ပြန်လည်စတင်ရန်၊ ဒေသတွင်းပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့လှုပ်ရှားမှုဖြင့် ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သင့်ကြောင်း ကျာကွေ့တယ်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中国代表在人权理事会谴责美以袭击伊朗学校暴行
新华社日内瓦3月28日电 应伊朗、中国、古巴要求,联合国人权理事会第61届会议27日就伊朗米纳卜小学遭受袭击举行紧急辩论。中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德出席并阐述中方立场。
贾桂德表示,伊朗米纳卜小学遭袭,168名花季女童鲜活的生命被剥夺,这一暴行突破人类道德良知底线,是对人权的最大侵犯,是对国际人道法的公然蔑视,中方对此深感震惊、严厉谴责,对遇难者家属的悲痛感同身受。
贾桂德指出,美国和以色列未经安理会授权,悍然对伊朗发动袭击,是造成这一悲剧的根源。美以不仅杀害伊领导人,严重侵犯伊人民人权,还引发中东地区冲突升级,地区国家被迫卷入其中。所有国家的主权、安全和领土完整应当得到充分尊重。中方强烈谴责一切违反国际法、无差别攻击平民和非军事目标的行为。
贾桂德强调,所有热点问题都应通过对话谈判解决,而不应使用武力,各方应抓住一切和平机会和窗口,以真诚的态度启动和谈进程,用实际行动保护地区人民的基本人权,维护中东地区的和平稳定。(完)