Connect with us

China

တရုတ်နိုင်ငံ၏ အမျိုးသားသံလုံးပစ် စံချိန်ကို ရှဉ်ကျားလျန် က အကွာအဝေး ၂၀.၉၅ မီတာဖြင့် စံချိန်ချိုး

တရုတ်နိုင်ငံ ကျီနန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အမျိုးသား မိုးလုံလေလုံအားကစား ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသားသံလုံးပစ်ဗိုလ်လုပွဲပြီးနောက် အမှတ်တရဓာတ်ပုံရိုက်နေသည့် Xing Jialiang (အလယ်) ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီနန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် အမျိုးသား မိုးလုံလေလုံအားကစား ချန်ပီယံရှစ်ပြိုင်ပွဲတွင် မတ် ၂၇ ရက်က ပြုလုပ်သည့် အမျိုးသားသံလုံးပစ်ပြိုင်ပွဲ၌ ရှဉ်ကျားလျန် က ၎င်းကိုယ်တိုင် တင်ထားခဲ့‌သော တရုတ်နိုင်ငံ၏ အမျိုးသားစံချိန်ကို အကွာအဝေး ၂၀.၉၅ မီတာ ပစ်ချက်ဖြင့် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ရှဉ်မှာ ယမန်နှစ်၏ အမျိုးသား မိုးလုံလေလုံ အားကစား ချန်ပီယံရှစ်တွင် တင်ထားသော ယခင်စံချိန် ၂၀.၄၄ မီတာကို ၀.၅၁ မီတာ မြှင့်တင်နိုင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ရှဉ် က ထျန်းကျင်းမြို့တွင် ဖေဖော်ဝါရီ၌ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် အာရှ မိုးလုံလေလုံ အားကစား ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း အမျိုးသား သံလုံးပစ် ဗိုလ်လုပွဲ၌ အကွာအဝေး ၁၉.၉၉ မီတာ ပစ်ချက်ဖြင့် ကြေးတံဆိပ် ဆုရရှိခဲ့ပြီး ထိုအားကစားနည်းတွင် ကြီးထွားလာနေသည့် အင်အားတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Xing Jialiang breaks China’s national men’s shot put record with 20.95m
JINAN, March 27 (Xinhua) — Xing Jialiang shattered his own Chinese national record in the men’s shot put with a throw of 20.95 meters at the 2026 National Indoor Athletics Championships on Friday.
Xing improved his previous record of 20.44m set at last year’s National Athletics Championships by 0.51 meters. The 24-year-old has emerged as a rising force in the discipline, securing a bronze in the men’s shot put final with a throw of 19.99m at the 2026 Asian Indoor Athletics Championships held in February in Tianjin. ■
English Caption
Xing Jialiang (middle) poses after the men’s shot put final at the 2026 National Indoor Athletics Championships in Jinan, China, on March 27, 2026. (Xinhua/Luo Yuan)