Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ကူမင်တန်ပါတီ ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သောအဖွဲ့အား တရုတ်ပြည်မကြီးသို့ လာရောက်ရန် ကြိုဆိုဖိတ်ကြား

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန်သည် ၎င်းတာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ တရုတ်ပြည်မကြီးသို့ ခရီးစဉ်လာရောက်လိုကြောင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ရာ ကူမင်တန်-ကွန်မြူနစ် ပါတီနှစ်ရပ် ဆက်ဆံရေးနှင့် ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ကူမင်တန်ပါတီ ဥက္ကဋ္ဌ ကျိန့်လိဝန်ဦးဆောင်သောအဖွဲ့အား ဧပြီ ၇ ရက်မှ ၁၂ ရက် အထိ ကျန်းဆူး၊ ရှန်ဟိုင်းနှင့် ပေကျင်း သို့ အလည်အပတ်ခရီးစဉ်လာရောက်ရန် ကြိုဆိုဖိတ်ကြားလိုက်ကြောင်း အမိန့်အရ ကြေညာအပ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ စုန့်ထောင်းက မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ ကျိန့်လိဝန်၏ ခရီးစဉ်နှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် တရုတ်ကူမင်တန်ပါတီ (KMT) နှင့် ဆွေးနွေးလျက်ရှိရာ ကောင်းမွန်သင့်လျော်သည့်အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စုန့်ထောင်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中共中央和习近平总书记欢迎并邀请中国国民党主席郑丽文率团来访
新华社北京3月30日电 中共中央台湾工作办公室主任宋涛30日表示,中国国民党郑丽文主席就任以来,多次表达希望来大陆访问的意愿。为推动国共两党关系和两岸关系和平发展,我受权宣布,中共中央和习近平总书记欢迎并邀请郑丽文主席率中国国民党访问团于4月7日至12日到江苏、上海、北京参观访问。
宋涛表示,我们将与国民党方面就郑丽文主席来访事宜进行沟通,作出妥善安排。(完)