China
တရုတ်ကူမင်တန်ပါတီ ဥက္ကဋ္ဌ ကျိန့်လိဝန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ တရုတ်ပြည်မကြီးသို့ ခရီးစဉ်လာရောက်ရန်ဖိတ်ကြားမှုကို လက်ခံ၍ ကျေးဇူးတင်စကားပြောကြား
ထိုင်ပေ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သောအဖွဲ့အား တရုတ်ပြည်မကြီးသို့ ခရီးစဉ်လာရောက်ရန် ဖိတ်ကြားသည့်အပေါ် ဥက္ကဋ္ဌ ကျိန့်အနေဖြင့် ဝမ်းပန်းတသာလက်ခံကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌရုံးက မတ် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ပါတီနှစ်ရပ်၏ အတူတကွကြိုးပမ်းမှုဖြင့် ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ ပူးပေါင်းဖလှယ်ရေးကို မြှင့်တင်ရန်၊ ထိုင်ဝမ်ရေလက်ကြား အေးချမ်းသာယာရေးအတွက် ကြိုးပမ်းကာ ပြည်သူ့နေထိုင်မှုဘဝများအတွက် အကျိုးစီးပွားများ ဆတက်ထမ်းပိုး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国国民党主席郑丽文感谢并接受中共中央和习近平总书记邀请将率团访问大陆
新华社台北3月30日电(记者黄扬、姜江)中国国民党主席办公室30日表示,中共中央和习近平总书记邀请郑丽文主席率团前往大陆访问,郑主席表示感谢并欣然接受邀请。期望两党共同努力,推动两岸关系和平发展,促进两岸交流合作,为台海谋太平,为民生增福祉。(完)
