China
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းက ကွန်တိန်နာများ ကိုင်တွယ်ဆောင်ရွက်မှုပမာဏ စံချိန်တင်မြင့်တက်
နင်းပေါ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းက ကုန်စည်တန်ချိန် ၂၄၅ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကွန်တိန်နာများ ကိုင်တွယ်ဆောင်ရွက်မှုပမာဏအနေဖြင့် TEU ၇.၉၈၇ သန်းအထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၉.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းက နိုင်ငံနှင့် ဒေသ ၂၀၀ ကျော်ရှိ ဆိပ်ကမ်း ၇၀၀ ကျော်နှင့် ချိတ်ဆက်ထားသော ကွန်တိန်နာတင်ပို့မှုလမ်းကြောင်း ၃၀၀ ကျော် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ ကွန်တိန်နာဂိတ်၊ အဝေးထိန်းစနစ်စင်တာ၌ အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ ချွမ်းဆန်းဧရိယာ တွင် ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ ချွမ်းဆန်းဧရိယာတွင် ကွန်တိန်နာများ အတင်အချပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Ningbo-Zhoushan Port in east China’s Zhejiang records rising container throughput
According to Ningbo-Zhoushan Port, from January to February 2026, the port handled 245 million tons of cargo, marking a year-on-year increase of 7.3 percent. Container throughput reached 7.987 million TEUs, up 19.8 percent year on year.
Currently, Ningbo-Zhoushan Port offers more than 300 container shipping routes linking over 700 ports in more than 200 countries and regions.
Photo 1: This photo taken on March 29, 2026 shows a view of Chuanshan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
Photo 2: A staff member operates at the remote control center of a container terminal at Ningbo-Zhoushan Port, east China’s Zhejiang Province, March 29, 2026. (Xinhua/Huang Zongzhi)
Photo 3: An aerial drone photo taken on March 29, 2026 shows cargo ships at Chuanshan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
Photo 4: This photo taken on March 29, 2026 shows trucks loading and unloading containers at Chuanshan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
