China
ရှီကျင့်ဖိန်က ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးချယ်ခံရသော Sassou Nguesso ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံရသော Sassou Nguesso ထံ မတ် ၃၀ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံသည် အစဉ်အလာချစ်ကြည်ရေး နက်ရှိုင်းလှကြောင်း၊ လတ်တလောနှစ်ပိုင်းများတွင် နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် ခိုင်မြဲလာပြီး အပြန်အလှန်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုသောအရေးကိစ္စများနှင့် စပ်လျဉ်း၍ ခိုင်မြဲစွာ အပြန်အလှန် ထောက်ခံအားပေးကြသလို ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ရလဒ်များလည်း ကြွယ်ဝကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
နှစ်နိုင်ငံက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပူးတွဲဥက္ကဋ္ဌနိုင်ငံတာဝန်အား လက်တွဲထမ်းဆောင်ခဲ့ပြီး တရုတ်-အာဖရိကဆက်ဆံရေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-ကွန်ဂို (ဘရာဇာဗီးလ်) ဆက်ဆံရေး တိုးတက်မှုကို များစွာ အလေးထားကြောင်း၊ သမ္မတ Sassou Nguesso နှင့်အတူ တရုတ်-ကွန်ဂို (ဘရာဇာဗီးလ်) အဆင့်မြင့် အေးအတူပူအမျှအသိုက်အဝန်း အနှစ်သာရကို အဆက်မပြတ်ကြွယ်ဝလာစေရန် လုပ်ဆောင်ပြီး ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်ပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平致电祝贺萨苏当选连任刚果(布)总统
新华社北京3月30日电 3月30日,国家主席习近平致电德尼·萨苏-恩格索,祝贺他当选连任刚果共和国总统。
习近平指出,中国和刚果(布)传统友谊深厚。近年来,两国政治互信不断巩固,在涉及彼此核心利益和重大关切问题上坚定相互支持,各领域合作成果丰硕。两国携手履行中非合作论坛共同主席国职责,为促进中非关系发展和南南合作发挥引领作用。我高度重视中刚关系发展,愿同萨苏总统一道努力,不断丰富中刚高水平命运共同体内涵,为构建新时代全天候中非命运共同体作出更大贡献。(完)
图说:2025年9月4日中午,国家主席习近平在北京人民大会堂会见来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的刚果(布)总统萨苏。新华社记者 黄敬文 摄
