Connect with us

China

အစီအစဉ်ရေးဆွဲခြင်းမှ လက်တွေ့မြင်ကွင်းသို့ ရှုံအန်းဧရိယာသစ်၏ တိုးတက်မှု

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ပိုင်ယန်တျန့်ရေကန်၊ ယန့်နန်တမံကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှုံအန်းဧရိယာသစ် (ဟဲပေ)၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် ၂၀၁၇ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ် တည်ထောင်ရန် ဆုံးဖြတ်ချက်ကို လူထုသို့ ကြေညာခဲ့သည်။ ၉ နှစ်တာကာလအတွင်း ရှုံအန်းဧရိယာသစ်သည် မြင့်မားသော စမှတ်ဖြင့် စီမံကိန်းရေးဆွဲခြင်း၊ စံနှုန်းမြင့် တည်ဆောက်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဖြင့် “အနာဂတ်မြို့” တစ်မြို့သည် စတင်ပေါ်ပေါက်၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ယနေ့တွင် ဤမြို့သစ်သည် နေ့စဉ်ပြောင်းလဲတိုးတက်နေပြီး မြို့ပြပုံသဏ္ဌာန် အခင်းအကျင်း ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ခဲ့ကာ ခေတ်မီအသွင်ပြောင်း မြို့ပြပုံရိပ် တဖြည်းဖြည်း ထင်ရှားလာသလို ခေတ်မီ မြို့ပြ စီမံခန့်ခွဲမှု စနစ်ကိုလည်း အဆက်မပြတ် ပြည့်စုံကောင်းမွန်စေခဲ့သည်။ ၂၀၂၅ ခုနှစ် နှောင်းပိုင်းအထိ ဧရိယာသစ်တွင် ဖွံ့ဖြိုး ဧရိယာ စုစုပေါင်း ၂၁၅ စတုရန်းကီလိုမီတာ၊ အဆောက်အဦပေါင်း ၅,၃၀၀ ကျော် တည်ဆောက်ပြီးဖြစ်ကာ စုစုပေါင်း အဆောက်အဦးဧရိယာ ၅၈ သန်း စတုရန်းမီတာကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁ ထရီလီယံကျော် ပြီးမြောက်ခဲ့သည်။

“၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” အစီအစဉ်တွင် ရှုံအန်းဧရိယာသစ်အား ခေတ်မီအသွင်ပြောင်း မြို့ပြတည်ဆောက်ရေးကို စံနှုန်းမြင့်၊ အရည်အသွေးမြင့် မြှင့်တင်တည်ဆောက်မည်ဖြစ်ပြီး ၎င်း၏စီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ရှုံအန်းဧရိယာသစ်တည်ဆောက်သူများသည် စမှတ်အသစ်တွင် ရပ်တည်လျက် အနာဂတ်ဆီသို့ တည်ငြိမ်စွာနှင့် မြန်ဆန်စွာ ရှေ့သို့လှမ်းချီလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ တုန်းဖျန့်ဇုန်ကို ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(Chinese Version)
天空之眼瞰祖国|雄安新区:从蓝图到实景
新华社照片,雄安新区(河北),2026年3月29日
2017年4月,中共中央、国务院设立河北雄安新区的决定向社会公布。9年来,雄安新区高起点规划、高标准建设、高质量发展,一座“未来之城”,破土、萌芽、生长,阔步向我们走来。
今天,这座新城日新月异:城市形态实现格局性变化,现代化城市形象正在显现,现代化城市治理体系不断完善。截至2025年底,新区累计开发面积215平方公里,建设楼宇5300余栋,总建筑面积超5800万平方米,完成投资超1万亿元。
“十五五”规划纲要明确,高标准高质量推进雄安新区建设现代化城市,完善管理体制。站在新的起点上,雄安新区广大建设者正蹄疾步稳,面朝未来一路前行。
图说1:这是雄安新区白洋淀燕南堤(3月26日摄,无人机照片)。新华社记者 牟宇 摄
图说2:这是雄安新区容东片区(3月18日摄,无人机照片)。 新华社记者 朱旭东 摄