Connect with us

China

တရုတ်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတို့က အီရန်အခြေအနေ ဆွေးနွေးမည်

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ သတ္တမကြိမ် တရုတ်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာမြောက်ဆွေးနွေးပွဲ ကျင်းပပြုလုပ်နေကြသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါတို့ကို ၂၀၂၆ ခုနှစ် ဇန်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်အရေးနှင့် အခြားအတူတကွ ဂရုပြုကြသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်စပ်လျဉ်း၍ မဟာဗျူဟာမြောက်ချိတ်ဆက်မှုနှင့် ညှိနှိုင်းမှုများ မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါ၏ မတ် ၃၁ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နှစ်ဦးနှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးမြှင့်တင်မှု၊ ပဋိပက္ခအဆုံးသတ်မှု၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး စောင့်ရှောက်မှုအတွက် ကြိုးပမ်းမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
Chinese, Pakistani foreign ministers to discuss Iran situation
BEIJING, March 31 (Xinhua) — Chinese and Pakistani foreign ministers will strengthen strategic communication and coordination on the Iran situation and other international and regional issues of common interest, Chinese foreign ministry spokesperson Mao Ning said on Tuesday.
Both sides will make new efforts to promote peace, end conflict, and safeguard regional peace and stability, Mao said at a regular news briefing when asked about Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar’s arrival in China, scheduled for Tuesday. Enditem
English Caption 1
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds the Seventh Round of China-Pakistan Foreign Ministers’ Strategic Dialogue with Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar in Beijing, capital of China, Jan. 4, 2026. (Xinhua/Jin Liangkuai)