Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Invalides အဆောက်အအုံ၌ ကွယ်လွန်သူ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင်အတွက် နိုင်ငံတော်အဆင့် ဂါရဝပြုအခမ်းအနား၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် မတ် ၃၁ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဂျိုစပင်မှာ တရုတ်-ပြင်သစ် ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘော အကျိုးဆောင်ခဲ့သည့် အမြော်အမြင်ရှိသော ဝါရင့် ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်န်-နိုအယ်လ် ဘားရော့ထံ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။
ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အတွက် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိရေး ပြင်သစ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Chinese FM extends condolences over death of former French PM Lionel Jospin
BEIJING, April 1 (Xinhua) — Chinese Foreign Minister Wang Yi on Tuesday extended condolences over the death of former French Prime Minister Lionel Jospin.
In his message to his French counterpart, Jean-Noel Barrot, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that Jospin was a senior French statesman who made positive contributions to the growth of China-France relations.
Wang voiced China’s readiness to work with France to deepen the China-France comprehensive strategic partnership so as to bring more stability and certainty to the world. Enditem
English Caption
French President Emmanuel Macron speaks during a national tribute ceremony to former French Prime Minister Lionel Jospin at the Invalides in Paris, France, on March 26, 2026. (Photo by Aurelien Morissard/Xinhua)