Connect with us

China

ကင်မရွန်းအသင်းကို အရေးနိမ့်ခဲ့သော်လည်း တရုတ်အသင်း ကစားသမားများကို နည်းပြ ရှောက်ကျားရီး ချီးကျူး

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ဖီဖာစီးရီးစ် ဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်းက ကင်မရွန်းအသင်းအား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ တရုတ်အသင်းနည်းပြချုပ် ရှောက်ကျားရီး ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်အသင်းအနေဖြင့် မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာစီးရီးစ် ဘောလုံးပြိုင်ပွဲတွင် ကင်မရွန်းအသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ကစားသမားများအနေဖြင့် လက်ရှိလုပ်နိုင်စွမ်းအရ အစွမ်းကုန်ကစားသွားခဲ့သည်ဟု တရုတ်အသင်းနည်းပြချုပ် ရှောက်ကျားရီးက ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်အပြီးတွင် ရှောက်က ကင်မရွန်းအသင်းမှာ ပိုမို‌ကောင်းမွန်သည့်အသင်းဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း တရုတ်အသင်း၏ ခံယူချက်၊ ကြိုးပမ်းအားထုတ်မှုနှင့် အသင်းလိုက်ညီညွတ်မှုတို့ကို ချီးကျူးပြောဆိုခဲ့သည်။ “သူတို့ဆီကနေ ဒီထက်ပိုပြီး တောင်းဆိုဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
ပွဲအစပိုင်း ၁၀ မိနစ်တွင် အာရုံစိုက်မှု လျော့နည်းခဲ့ခြင်းကြောင့် ပေးဆပ်မှုကြီးမားခဲ့သော်လည်း အသင်းအနေဖြင့် လက်ကျန်ပွဲကစားချိန်များတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း၊ ပွဲချိန်အစောပိုင်းတွင် ခွင့်ပြုခဲ့ရသည့် ဂိုးများအတွက် ၎င်းတွင် တာဝန်ရှိကြောင်း ရှောက်က ပြောသည်။
“ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ ကျွန်တော်တို့ပြသခဲ့တဲ့ ခြေစွမ်းက အသင်းလိုက်အနေနဲ့ဆိုရင် လုံလောက်မှုမရှိခဲ့ဘဲ အထူးသဖြင့် ပထမဂိုးမှာဆိုရင် လေ့ကျင့်ရေးကွင်းမှာ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး အားထုတ်မှုမလုံလောက်ခဲ့တာကို ပြနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ “နည်းပြတစ်ယောက်ရဲ့ ရှုမြင်ပုံအရဆိုရင် ကျွန်တော်တို့ အဲဒီအပိုင်းကို လေ့ကျင့်ရေးကွင်းမှာ ၁၀ မိနစ်လောက်ပိုပြီး အားစိုက်လေ့ကျင့်ခဲ့မယ်ဆိုရင် ရလဒ်က ဒီထက်ပိုပြီး ကောင်းနိုင်မှာပါ” ဟုလည်း ၎င်းက ပြောသည်။
ပထမပိုင်းအပြီးတွင် နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ရှောက်က အသင်းအနေဖြင့် ပထမပိုင်းတွင် အကျွမ်းတဝင် မရှိသေးသည့် ကစားကွက်ကြောင့် ရုန်းကန်ခဲ့ရပြီး ထိုကစားကွက်ဖြင့် တိုက်စစ်ပုံဖော်မှုများအတွက် အချိန်လုံလုံလောက်လောက် လေ့ကျင့်ပြင်ဆင်ခဲ့ရခြင်းမရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ပိုမိုအသားကျပြီးသား ကစားကွက်အခင်းအကျင်းကို ပြန်အသုံးပြုချိန်တွင် pressing ပိုင်း၌ စုစည်းမှုပိုမိုကောင်းမွန်လာခဲ့ကာ အပြုသဘော ချိန်ညှိပြင်ဆင်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် နှစ်သင်းကြား ရုပ်ပိုင်းဆိုင်ရာ ကွာဟမှုကိုလည်း ၎င်းက အလေးထားပြောဆိုခဲ့ကာ ကင်မရွန်းအသင်း၏ ကြံ့ခိုင်မှုအားကောင်းခြင်းကြောင့် တရုတ်အသင်းအနေဖြင့် မကြာခဏဆိုသလို ပြိုင်ဘက်ကစားသမား တစ်ဦးအား ကစားသမား နှစ်ဦးမှ သုံးဦးအထိ ထိန်းချုပ်ခဲ့ရသည်ဟု ဆိုသည်။
ကစားသမားများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းတွင် ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ရမည်ကို အဆိုပါပွဲစဉ်က သတိပေးနေသည်ဟု ရှောက်က ဖြည့်စွက်ပြောကြားသည်။
“ကစားသမားတွေအားလုံးက အလားအလာရှိကြပါတယ်။ ကမ္ဘာ့အဆင့်အသင်းတစ်သင်းက ဘယ်လိုမျိုးလဲဆိုတာကို သူတို့ နားလည်သွားပြီမို့လို့ သူတို့ရဲ့ သက်ဆိုင်ရာကလပ်အသင်းတွေဆီ ပြန်ရောက်တဲ့အခါ ပိုပြီးပြင်းပြင်းထန်ထန် အားထုတ်ကြမှာပါ” ဟု ၎င်းက ဆိုသည်။
ဖီဖာစီးရီးစ်ပြိုင်ပွဲမှာ အဖိုးတန်အတွေ့အကြုံများကို ပေးစွမ်းခဲ့ကာ တရုတ်အသင်းအတွက်လည်း ကင်မရွန်းကဲ့သို့ အသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သလို အဝေးကွင်း၌ ကစားရာတွင် ပိုမိုကောင်းမွန်စွာ ချိန်ညှိပြင်ဆင်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိခဲ့သည်ဟု ရှောက်က ပြောသည်။
တရုတ်အသင်းအနေဖြင့် ဆစ်ဒနီမြို့တွင် မတ် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဖွင့်ပွဲစဉ်၌ ကူရာဆာအိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာ စီးရီးစ် နိုင်ငံတကာချစ်ကြည်ရေး ဘောလုံးပွဲစဉ်၌ နှစ်ဖက်ကစားသမားများ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာ စီးရီးစ် နိုင်ငံတကာချစ်ကြည်ရေး ဘောလုံးပွဲစဉ်၌ နည်းပြချုပ် ‌ရှောက်ကျားရီး ကွင်းဘေးမှ ညွှန်ကြားနေစဉ် (ဆင်ဟွာ)

…………………
(English Version)
China coach Shao hails players despite Cameroon loss
MELBOURNE, March 31 (Xinhua) — China head coach Shao Jiayi said his players performed to the limit of their current abilities despite a 2-0 defeat to Cameroon in a FIFA Series match on Tuesday.
Speaking after the game, Shao acknowledged Cameroon was the stronger side but praised his team’s attitude, effort and organization. “It is hard for me to ask for more from them,” he said.
Shao said a lack of focus in the opening 10 minutes proved costly, although he believed his team performed well for the remainder of the match. He took responsibility for the early goals conceded.
“What we showed in terms of organization was not good enough in the first 10 minutes, especially on the first goal, which showed a lack of work on that aspect in training,” he said. “From a coach’s point of view, perhaps if I had spent another 10 minutes in training reinforcing it, the result might have been better.”
On the tactical reshuffle after halftime, Shao said the team struggled with an unfamiliar formation in the first half and had not spent enough time working on attacking patterns within that system. A return to a more familiar setup improved cohesion in pressing and proved a positive adjustment.
He also highlighted the physical gap between the sides, noting that Cameroon’s strength often forced China to commit two or even three players to contain a single opponent.
“At the Asian level, we cannot find a team this strong,” he said.
Shao added that the match should serve as a reminder for players to further develop their individual abilities.
“These players all have potential. When they return to their respective clubs, they will demand more of themselves, because they have now felt what a world-class team is like,” he said.
He added that the FIFA Series format had provided valuable experience, giving China the chance to face a team like Cameroon and better adapt to playing away from home.
China opened its campaign with a 2-0 win over Curacao in Sydney on March 27.
English Caption 1
Head coach Shao Jiayi speaks after China’s 2-0 defeat to Cameroon in the FIFA Series in Melbourne, Australia, March 31, 2026. (Photo by Jin Cheng/Xinhua)
English Caption 2
Players compete during the FIFA Series 2026 International Friendly Match between China and Cameroon in Melbourne, Australia, March 31, 2026. (Photo by Jin Cheng/Xinhua)
English Caption 3
Head Coach of China Shao Jiayi reacts during the FIFA Series 2026 International Friendly Match between China and Cameroon in Melbourne, Australia, March 31, 2026. (Photo by Shu Zelin/Xinhua)