Connect with us

Myanmar

မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို ပိတ်သိမ်းခဲ့ပြီး ၂၄ ဆိုင်ကို ပြင်းထန်စွာ သတိပေးခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် စက်သုံးဆီရောင်းချရာတွင် စည်းကမ်းဖောက်ဖျက်သည် စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို အရေးယူခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မတ်လ ၃၀ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဘားကုတ် (သို့မဟုတ်) QR ကုဒ်များကို Scan ဖတ်ခြင်းမပြုဘဲ လောင်စာဆီရောင်းချနေသည်ကို တွေ့ရှိပြီးနောက် စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်ကို ပြင်းထန်သောသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်းသတင်းအရ သိရသည်။
ပြည်သူများအနေဖြင့် လောင်စာဆီဝယ်ယူမှု ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ဘားကုတ်နှင့် QR ကုတ်ယန္တရားများကို အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားသော စနစ်တစ်ခုကို အသုံးပြုလျက်ရှိပြီး အင်ဂျင် စက်စွမ်းအားအလိုက် သတ်မှတ်ထားသော ပမာဏအလိုက် လောင်စာဆီရောင်းချနိုင်ရမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထို့ပြင် Bar Code/ QR Code များဖြင့် ရောင်းချနေမှုများကို Online Monitoring Center မှ စောင့်ကြည့်ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်၊ ရန်ကုန်တိုင်း‌ဒေသကြီးမှ အရောင်းဆိုင် (၄) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ အရောင်းဆိုင် (၁၀) ဆိုင်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အရောင်းဆိုင် (၇) ဆိုင်တို့အား ပြင်းထန်စွာ သတိ‌ပေးထားရှိပြီး ညွှန်ကြားချက်များအား လိုက်နာမှုမရှိကြောင်း ထပ်မံစိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။ (Xinhua)