Connect with us

Myanmar

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန် ကြိုးပမ်းဆောင်ရွက်နေဟုဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကျောက်မီးသွေးလုပ်ကွက်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ Astana မြို့သို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသော်လည်း ထိရောက်စွာ အသုံးချနိုင်ခြင်းမရှိသေးကြောင်း၊ ကာဇက်စတန်နိုင်ငံသည် ကျောက်မီးသွေးထွက်ရှိသော နိုင်ငံဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိသည်ဟု သိရကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource (HR)ဆိုင်ရာများ၊ အထူးသဖြင့် ရေနံရှာဖွေရေးဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဘာသာရပ်များနှင့် သတ္တုဗေဒဘာသာ ရပ်များကို Academic သာမဟုတ်ဘဲ On-job Training သင်တန်းများကူညီပေးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်နိုင်ငံရှိ Astana မြို့တော်ရှိ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က သွားရောက်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် သန့်စင်သော ကျောက်မီးသွေးကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကာဇက်စတန်နိုင်ငံ Astana မြို့တော်ရှိ စက်ရုံကို အကြီးစား အဆင့်မြှင့်တင်ခြင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီး ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးအသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်လာခဲ့ကြောင်း၊ စက်ရုံတစ်ရက်လည်ပတ်မှုအတွက် ကျောက်မီးသွေးတန်ချိန် ၄,၀၀၀ သို့မဟုတ် သဘာဝဓာတ်ငွေ့ ကုဗပေ ၈၄ သန်းလိုအပ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၅၁၀ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာများကို နည်းပညာအသုံးပြုပြီး အဆင့်ဆင့်သန့်စင်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသန့်စင်ပြီး လေထုထဲသို့ လွှင့်ထုတ်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်ကျင်း ထိခိုက်မှုမရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117