Sino-Myanmar
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေ
နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
“လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်းအတွက် ယူဆောင်လာပေးတဲ့ အခြေခံအနှစ်သာရကို ကျွန်တော့်အနေနဲ့ စကားတစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင် ‘Develop’ ‘တိုးတက်မှု’ လို့ ပြောပါရစေ” ဟု လန်ချန်း-မဲခေါ် ပူးပေါင်းဆောင်ရွက်မှု (LMC) ယန္တရား ထူထောင်သည့် ၁၀ နှစ်ပြည့် အခါသမယတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်က ပြောကြားခဲ့သည်။
ယခင်က စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များကို စုဆောင်းရသည့် ခက်ခဲပင်ပန်းခြင်းမှာ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဝန်ထမ်းများ၏ တူညီသည့် အမှတ်ရစရာ ဖြစ်ခဲ့သည်။
ဒေါက်တာဝင်းထွဋ်က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ မစတင်မီ မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ စုဆောင်းရာ၌ လူအင်အားကို အသုံးပြု၍ Paper Based ဆောင်ရွက်ခဲ့ရခြင်းဖြစ်သောကြောင့် အချိန်ကုန်လူပန်းဖြစ်ရကြောင်း၊ ဥပမာအားဖြင့် မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်ကြုံတိုင်း သီးနှံစိုက်ပျိုးမြေတွေ ရေကြီးနစ်မြုပ်မှုဖြစ်သည့်အခါ၌ အောက်ခြေဝန်ထမ်းများအနေဖြင့် ဆိုးရွားသည့်ရာသီဥတုအခြေအနေတွင်ပင် သွားရေးလာရေးယာဉ် စသည့် အခက်အခဲများကို ကျော်လွှားကာ မြေပြင်အထိ လမ်းလျှောက်ကွင်းဆင်း၍ အချက်အလက်ကောက်ယူရလေ့ရှိကြောင်း ပြောကြားခဲ့သည်။
ယခင်က အထွက်နှုန်းစာရင်းကောက်ယူခြင်းနှင့် မြေအသုံးချမှုတိုင်းတာခြင်းသည် ပုံမှန်အားဖြင့် နှစ်လမှ သုံးလအထိ ကြာမြင့်တတ်ကြောင်း၊ မြေတိုင်းစာရင်းတစ်ယောက်တည်းဖြင့်ပင် ကွင်းပေါင်း မြောက်မြားစွာ တာဝန်ယူဆောင်ရွက်ရကြောင်း၊ တစ်ကွင်းကို ဧက ၈၀၀ ခန့် (တစ်ဧကလျှင် ၀.၄ ဟက်တာခန့်ရှိ) ရှိပြီး စိုက်ပျိုးမှုအခြေအနေတိုးတက်မှုများကို စောင့်ကြည့်တိုင်းတာရန်အတွက် နေ့စဉ် ဧက ၅၀၀ မှ ၈၀၀ အထိ ခြေလျင်လျှောက် ကွင်းဆင်းကြည့်ရှုရကြောင်း သိရသည်။ ထိုကဲ့သို့ အတွေ့အကြုံဖြင့် ခန့်မှန်းတွက်ချက်ခြင်းနှင့် လူအင်အားဖြင့် ကွင်းဆင်းလေ့လာခြင်းနည်းလမ်းသည် အချိန်များစွာပေးရ၍ နှောင့်နှေးခြင်း၊ အန္တရာယ်များခြင်းရှိရုံသာမက ကျယ်ပြန့်ကြီးမားလှသည့် မြေဧရိယာတိုင်းတာမှုများတွင်လည်း မလွှဲမရှောင်သာ ကွဲလွဲမှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ကောင်းကင်ဓာတ်ပုံအသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ် ဗဟိုဌာန (Establishment of Aerial Crop Yield Assessment Center for Food Security Prediction) စီမံကိန်း အကောင်အထည်ပေါ်လာခဲ့သည်။ ယင်းစီမံကိန်းကို အဓိကအားဖြင့် ရည်ရွယ်ချက်နှစ်ခုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ပထမအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများ ကောက်ယူခြင်းစနစ်ကို လူအင်အားအသုံးပြု၍ သီးနှံစာရင်းကောက်ယူမှု သမားရိုးကျနည်းစနစ်မှ ခေတ်မီနည်းစနစ်သို့ ပြောင်းလဲရန်နှင့် ဒုတိယအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ကောက်ယူပြုစုရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ယင်းစီမံကိန်းအောက်ရှိ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်ဗဟိုဌာနကို နေပြည်တော်တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။
ဒေါက်တာ ဝင်းထွဋ်က ကောင်းကင်ဓာတ်ပုံရိုက်ကူးမှုနည်းပညာ အသုံးပြုပြီးနောက် အဖွဲ့များအနေဖြင့် ကျယ်ပြန့်လှသည့် မြေအသုံးချမှုစောင့်ကြည့်တိုင်းတာမှုများကို အချိန်တိုအတွင်းတွင်ပင် ပြီးမြောက်နိုင်ပြီး စိုက်ပျိုးမှုဖြစ်စဉ် သတင်းအချက်အလက်တွေကိုလည်း ချက်ချင်း အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍစာရင်းကောက်ယူပြုစုမှု ခေတ်မီအသွင်ပြောင်းရေးကို အဆိုပါဗဟိုဌာနဖြင့် အရှိန်မြင့်တွန်းအားပေးဖော်ဆောင်လျက်ရှိသည်။
ယင်းမှာ သမားရိုးကျ လူအင်အားအသုံးပြု၍ စာရင်းကိန်းဂဏန်းအချက်အလက် ကောက်ယူရသည့် အကန့်အသတ်ကို ကျော်လွှားလိုက်ရုံသာမက နည်းပညာကို အချက်အချာထားရှိကာ မြန်မာ-တရုတ် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုနှင့် ညီရင်းအစ်ကို ချစ်ကြည်ရေးကို နက်ရှိုင်းစေသည်ဟု ဒေါက်တာ ဝင်းထွဋ်က ဆိုသည်။
နည်းပညာဖော်ဆောင်မှုတွင် တတ်ကျွမ်းသည့်လူရည်ချွန်အရင်းအမြစ်၏ ပံ့ပိုးမှုနှင့် ကင်းကွာ၍မရချေ။ နည်းပညာအသုံးပြုရန်အတွက် ကောင်းကင်ဓာတ်ပုံအသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ် ဗဟိုဌာန စီမံကိန်းသည် မွမ်းမံသင်တန်းနှင့် နှီးနှောဖလှယ်မှုများစွာ ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းများတွင် ဒရုန်းကိုင်တွယ် အသုံးမပြုမီ (Drone) တွင် ပါဝင်သည့်ပစ္စည်းများ၊ ဒရုန်းရှိ ပစ္စည်းကိရိယာများ တပ်ဆင်ပုံ/ဖြုတ်သိမ်းပုံ၊ စာရင်းကိန်းဂဏန်း ကောက်ယူတဲ့ Tablet နှင့် ချိတ်ဆက်၍ Setting ချိန်ညှိခြင်း၊ Ground Control Station ရှာဖွေသည့် Application အသုံးပြုပုံနည်းစနစ်များ၊ CHC Geomatics Office (CGO 2.0) နှင့် Agisoft Metashape Software အသုံးပြုနည်းစနစ်များ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများက ကွန်ပျူတာနှင့် ဒရုန်းကိုင်တွယ်အသုံးပြုလေ့ကျင့်နေကြသည်ကို ကြည့်ရင်း ဌာန၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ပင် ပီတိဖြစ်ရသည်ဟု ၎င်းက ဆိုသည်။
တရုတ်ပညာရှင်များနှင့် နည်းပညာဖလှယ်ရာတွင် နက်ရှိုင်းသောချစ်ကြည်ရေးကို နှစ်ဖက်အတူ တည်ဆောက်ခဲ့ကြသည်။
“ရည်ရွယ်ချက်လည်းတူတဲ့အတွက်ကြောင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလည်း အတူတကွ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ လုပ်ကိုင်နေတယ်လို့ ခံစားမိတယ်” ဟု ဒေါက်တာဝင်းထွဋ်က ဆိုသည်။
ကောင်းကင်ဓာတ်ပုံအသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ် ဗဟိုဌာန စီမံကိန်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ “သေးငယ်သော်လည်း ကောင်းမွန်လှပသော” စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုကို အသုတ် ၈ သုတ်ဖြင့် စီမံကိန်း ၁၃၂ ခု ရရှိခဲ့ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၌ ခွင့်ပြုမှုရရှိသည့် စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ စီမံကိန်းပေါင်း ဒါဇင်နှင့်ချီဖော်ဆောင်ခြင်းက မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းရေးကို အားဖြည့်ပေးရုံသာမက စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုလုပ်ငန်းများ၏ တန်ဖိုးကွင်းဆက်ကိုလည်း မြှင့်တင်ပေးသလို စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်း အရည်အသွေးစံချိန်စံညွှန်းကို မြှင့်တင်ပေးပြီး နိုင်ငံတကာဈေးကွက်တိုးချဲ့ရန်အတွက် တွန်းအားပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဒေါက်တာဝင်းထွဋ်က Satellite Image များ၊ Drone Image များနှင့် GIS & Remote Sensing နည်းပညာများကို ထဲထဲဝင်ဝင်ပေါင်းစပ်ကာ ခေတ်မီ နည်းပညာအသုံးပြုပြီး သီးနှံစိုက်ပျိုးမှုစာရင်းများ ကောက်ယူ ပြုစုခြင်းစနစ်ကို ထူထောင်သွားနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုအောက်တွင် ခေတ်မီနည်းပညာများတင်သွင်းကာ မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေးမူဝါဒရေးဆွဲမှုအတွက် ပိုမို တိကျမှန်ကန်၍ ထိရောက်မှုမြင့်မားသော စာရင်းအင်းအချက်အလက်များပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
通讯|澜湄合作为缅甸农业绘就发展“底色”
新华社内比都4月2日电 通讯|澜湄合作为缅甸农业绘就发展“底色” 新华社记者张东强 黎广滔
“如果用一个词来形容澜湄合作给缅甸农业带来的底色,那就是发展。”在澜湄合作机制建立十周年之际,缅甸农业、畜牧和灌溉部土地登记与测量司司长温图如是说。
回顾过去,农业数据采集的艰辛是许多缅甸农业工作者共同的记忆。温图说,在澜湄项目启动前,缅甸主要依靠人力和纸质地图收集数据,不但辛苦,而且费时。例如,每逢台风肆虐导致农田受淹,基层职员就要在恶劣天气下克服交通工具匮乏等困难,依靠徒步实地勘测。过去统计产量,测量土地往往耗时两到三个月。测量人员需一人负责多个区块,每个区块面积约800英亩(1英亩约合0.4公顷),每日需徒步监测500至800英亩农田的种植动态变化。这种依赖经验估算和人工考察的方式,不仅反馈滞后、风险较高,在大面积测量中也难免存在误差。
为破解这一难题,澜湄合作专项基金支持的“航拍作物测产中心”项目应运而生。该项目主要有两个目标:一是将农业数据统计系统从传统人力模式升级为现代化模式;二是实现数据的实时、准确统计。
2023年11月7日,该项目下的作物测产中心在内比都正式启用。温图表示,使用航拍技术后,团队能够在短时间内完成大面积土地监测,实时掌握种植动态。 依托这一中心,缅甸正加速推进农业统计的现代化转型。温图认为,这不仅打破了传统人力统计的局限,更以技术为纽带,深化了缅中在粮食安全领域的务实合作与兄弟情谊。
技术落地离不开人才的支撑。为配合技术应用,“航拍作物测产中心”项目开展了多期培训与研讨,内容涵盖无人机结构认知、设备拆装、平板连接设置、地面控制站操作,以及数据处理和摄影测量软件的使用。看着职员们熟练地操作电脑和无人机,温图为部门的现代化发展倍感欣慰。
在与中国专家交流技术的过程中,双方还建立了深厚的友谊。温图说:“双方有着共同的目标,因此合作非常友好密切,就像兄弟一样。”
“航拍作物测产中心”项目是澜湄合作框架下众多“小而美”项目之一。自2018年以来,缅甸共有8批132个项目获得澜湄合作专项基金支持,是获批项目数最多的湄公河国家。数十个农业相关项目的实施,不仅助力缅甸农业现代化,也为提升农业产业价值链、提升农产品质量标准及拓展国际市场发挥了推动作用。
提及下一阶段发展规划,温图说,缅方计划深度融合卫星图像、航拍影像及地理信息系统,构建现代化的农作物统计体系。他期待在澜湄合作专项基金的持续支持下,引入更先进的技术手段,为缅甸粮食安全政策的制定提供更精准、高效的数据支撑。(完)
1. 这是2025年8月5日在缅甸首都内比都举行的2025年澜湄合作专项基金项目合作协议签约仪式现场。
2. 2025年8月5日,嘉宾在缅甸首都内比都举行的2025年澜湄合作专项基金项目合作协议签约仪式上合影。
