Media
ကျေးလက်တောင်တန်းများကြားက အရုဏ်ဦး မြူနှင်းများနှင့် တိမ်ပင်လယ်များကြားက နေထွက်ချိန်အလှမြင်ကွင်း
ယန်ကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တိမ်ပင်လယ်များကြားက နေထွက်ချိန် တင့်တယ်လှပသည့်ရှုမြင်ကွင်းကို ဓာတ်ပုံဆရာတစ်ဦးက မကြာမီရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုန်းမြို့ ယန်ကျင်းခရိုင်၌ ရိုက်ကူးခဲ့သည်။ တောင်တန်းများအကြား တိမ်ပင်လယ်လှိုင်းလေးများက ဟိုဟိုဒီဒီလွန့်လူးလျက်ရှိရာ တောင်တန်းများ၊ ကျေးရွာလေးများက ဖြူလွှလွှတိမ်လှိုင်းလေးများကြားတွင် ပေါ်တစ်ခါပျောက်တစ်လှည့်နှင့် ဆေးရေးမင်ဖြင့် ရေးခြယ်ထားသည့် သာယာအေးချမ်းလှသော သဘာဝ၏ပန်းချီကားချပ်ပမာ လှပလျက်ရှိသည်။ (Xinhua)
——————-
(Chinese Version)
云南盐津:山乡晨雾起 日出云海间
近日,摄影师在云南省昭通市盐津县拍摄到云海日出的壮观景象。群山之间,云海翻涌,山峦、村庄在云涛中若隐若现,勾勒出一幅淡雅悠然的水墨画卷。
