Connect with us

China

နင်းရှဒေသ ကုယွမ်မြို့ မြေဝါကုန်းပြင်မြင့်က လှေကားထစ်ပန်းပင်လယ် ဖူးပွင့်ဝေဆာလျက်ရှိ

တရုတ်နိုင်ငံ နင်းရှဒေသ ကုယွမ်မြို့ ဖုန်ယန်ခရိုင် ကျင်းကျီးဖိန် လှေကားထစ်စိုက်ခင်းဥယျာဉ်တွင် တောင်ပေါ်ပန်းများအား ၂၀၂၆ ခုနစ် ဧပြီ ၅ ရက်တွင် ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ကုယွမ် (နင်းရှ)၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ချင်းမင်ပွဲတော် အားလပ်ရက်ရှည်ကာလအတွင်း တရုတ်နိုင်ငံ နင်းရှဒေသ ကုယွမ်မြို့ ဖုန်ယန်ခရိုင်ရှိ မြေဝါကုန်းပြင်မြင့် လှေကားထစ်စိုက်ခင်းများတွင် တရုတ်မူ (Mu) သိန်းနှင့်ချီရှိသော မက်မွန်ပန်းနှင့် တရုတ်ဆီးသီးပန်းများသည် ဝေဝေဆာဆာ ဖူးပွင့်သောရာသီသို့ ရောက်ရှိလာပေသည်။
ယင်းဒေသသည် လျို့ဖန်ဆန်း တောင်ပေါ်ပန်းပွဲတော်နှင့် ပေါင်းစည်း၍ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန်၊ ပန်းအလှ လာရောက်ရှုစားရန် ခရီးစဉ်အမျိုးမျိုးကို ဖော်ဆောင်ပေးထားပြီး မြေဝါကုန်းပြင်မြင့်ရှိ လှေကားထစ်စိုက်ခင်းများကြားတွင် ခရီးသွားဧည့်သည်များအား နွေဦး၏ ပန်းပင်လယ်အလှကို ထိတွေ့ခံစားနိုင်ရန် ဖန်တီးပေးလျက်ရှိသည်။ (Xinhua)

………………………….
(Chinese Version)
宁夏固原:梯田花海 绽放黄土高原
新华社照片,固原(宁夏),2026年4月5日
清明小长假期间,位于宁夏固原市彭阳县黄土高原梯田间的数十万亩桃花、杏花进入盛花期。当地结合六盘山山花节,为游客打造多条踏青赏花旅游线路,让游客在黄土高原、梯田之间感受春日花海的魅力。
图说:4月5日在宁夏固原市彭阳县金鸡坪梯田公园拍摄的山花(无人机照片)。 新华社记者 王鹏 摄